25 C
Yangon

ချင်းတွင်းမြစ်ကြောင်းအတွင်း စုန်ဆင်းလာသော စစ်သင်္ဘော အုပ်စုများကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်

Must read

ချင်းတွင်းမြစ်ကြောင်းအတွင်း စုန်ဆင်းလာသော စစ်သင်္ဘော အုပ်စုများကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်အုပ်စု သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီး ထိမှန်ခဲ့ပြီး မီးခိုးလုံးများ ထွက်ပေါ်ခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီ ၁၉ မိနစ်ခန့်က အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စုန်ဆင်းလာ သော စစ်သင်္ဘော၊ ကုန်တင်သင်္ဘောပါ ၁၅ စီးအုပ်စုကို ချင်းတွင်းမြစ်ကြောင်းတနေရာ၌ ပွိုင့် ၂ ခုခွဲ၍ ပြောင်းတိုက်များ၊ လက်လုပ် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းစစ်သင်္ဘောတစ်စီးကို ထိမှန်ခဲ့ပြီး မီးခိုးများထွက်လာကာ သင်္ဘောပေါ်ပါ အကြမ်းဖက်စစ်သားများမှာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ ခြင်းမရှိတော့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ၊ တပ်ရင်း ၄ တပ်ခွဲ ၃ (Monywa Nightking PDF) ၊ တပ်ခွဲ ၄ (5/Teachers People Defencr Force) ၊ Chindwin Toe Na Yar PDF ၊ Fight For Freedom (F3) ၊ Chindwin Defense Force (CDF) ၊ ရွှေညီအစ်ကို ပြောက်ကျားတပ်ဖွဲ့နှင့် One Star Task Force တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်တပ်မှ စက်သေနတ်များ၊ စက်အမြောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ နှင့်တပ်ခွဲများအနေ ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး အရေးပေါ် လက်နက်ခဲယမ်းများစွာ လိုအပ်နေ ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ ရှေ့ပြေးစုန်ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်သင်္ဘောတစ်စီးကို RPG ၊ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောနောက်ပိုင်းကို ထိမှန်ခဲ့ပြီး မီးခိုးများအူထွက်သွားကြောင်း Hero Fighter (Salingy)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီမှ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ ရှေ့ပြေးစုန်ဆင်း လာသော အကြမ်းဖက်စစ်တပ် သင်္ဘောတစ်စီးကို ဆားလင်းကြီးမြို့နယ်၊ မြစ်ကြောင်းတရောအရောက် ရှေ့ထွက်ပြောင်းအပါအဝင် RPG 7 ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သင်္ဘောနောက်ပိုင်းကို ထိမှန်ခဲ့ပြီး မီးခိုးလုံးအူထွက်သွားကာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံး၊ ပျက် စီးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ် သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သာသနိက အဆောက်အအုံများ၊ ဘုရားကျောက်ဆင်းတုများ ထိခိုက် ပျက်စီးခဲ့ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force Salingyi ၊ Monywa Underground Guerilla(MUGF) နှင့် တောင်ပံနီ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article