35 C
Yangon

မတ္တရာတွင် ရဲစခန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး၊ ဒီပဲယင်းရှိ ဆရာစံခန်းမ၌ နားနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မတ္တရာတွင် ရဲစခန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး၊ ဒီပဲယင်းရှိ ဆရာစံခန်းမ၌ နားနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံသာရဲစခန်းနှင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၆ နာရီခွဲခန့်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော မတ္တရာ မြို့နယ်၊ ရေနံသာရဲစခန်းကို Fixed Wing Drone ဖြင့် ၃ ကြိမ် ဗုံးကျဲချခဲ့ရာ ပထမ တစ်လုံးမှာ Error တက် ပြီးပေါက်ကွဲခြင်းမရှိသော်လည်း ကျန်ဗုံးသီးများမှာ ပစ်မှတ်နေရာကို တိကျစွာ ကျရောက်ပေါက် ကွဲ ခဲ့သဖြင့် ရဲ ၁ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗုံးကျဲခံရပြီးတော့ ရွာကို ပိတ်ဆို့စစ်ဆေးပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲတွေကို နာရေးကား ၂ စီးနဲ့ သယ် ထုတ်သွားတယ်လို့ သိရတယ်၊ ဘယ်ကို သယ်သွားလဲတော့ မသိဘူး” ဟု မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ထို့ပြင် မတ္တရာမြို့နယ်အတွင်းလှည့်လည်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို Fixed Wing Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒရုန်းပစ်ချခံလိုက်ရကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခန့်က အင်အား ၁၀၀ ကျော်ဖြင့် မတ္တရာမြို့နယ် အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်သားများကို မတ္တရာမြို့နယ်၊ မြောင်းသစ်တံတား ( ဒေသအခေါ် တံတားနက်) အနီးအရောက် Fixed Wing Drone ဖြင့် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ ဒရုန်းပစ်ချသည့် လက်နက်ဖြင့် ပစ်ချခံခဲ့ရပြီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မတ္တရာမြို့နယ်ထဲကို လှည့်လည်နေတဲ့စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးချခဲ့တာ၊ Drone ပစ်ချတဲ့ Shooer နဲ့ ပစ်ချခံလိုက်ရတာ၊ စစ်ကြောင်းက လက်ရှိအချိန် အထိလှည့်လည်နေတုန်းပဲ၊” ဟု မြနန္ဒာစစ်ဆင်ရေး (မန္တလေး)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) နှင့် မတ္တရာမြိုနယ်-ပကဖ တိုပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြနန္ဒာစစ်ဆင်ရေး(မန္တလေး)အနေဖြင့် ယခု ထက်ပိုမိုထိရောက်သော စစ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန် ငွေကြေးလိုအပ်ချက်များစွာရှိနေပြီး ပြည်သူများပိုမိုပါဝင် ထောက်ပံ့ ပေးကြပါရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ ဆရာစံခန်းမရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှရှိနိုင်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ – YE U PDF တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က စစ်ကြောင်းလှည့်လည်ပြီး ဒီပဲယင်းမြို့ သို့ဝင်ရောက်ကာ ဒဏ်ရာရနေသဖြင့် နားနေသည့် ဆရာစံခန်းမကို Fix Wings Drone ( မောင်းသူမဲ့လေ ယာဉ်ငယ် ) များဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိပ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း – YE U PEOPLE’S DEFENCE FORCE မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article