25 C
Yangon

ဘားအံမြိုနယ် ဇာသပြင်ကျေးရွာ၊ ကားလမ်းမကြီး တစ်လျှောက် နေအိမ်နှင့် ဆိုင်ခန်း များကို စစ်တပ်နှင့်ရဲက လုံခြုံရေး အအကြောင်းပြအတင်းအကျပ် ဖျက်သိမ်းခိုင်း၍ မိုးရွာနေသည့်ကြားမှ ပြည်သူများ ဖျက်သိမ်းပေးရ

Must read

ဘားအံမြိုနယ် ဇာသပြင်ကျေးရွာ၊ ကားလမ်းမကြီး တစ်လျှောက် နေအိမ်နှင့် ဆိုင်ခန်း များကို စစ်တပ်နှင့်ရဲက လုံခြုံရေး အအကြောင်းပြအတင်းအကျပ် ဖျက်သိမ်းခိုင်း၍ မိုးရွာနေသည့်ကြားမှ ပြည်သူများ ဖျက်သိမ်းပေးရ

ရန်ကုန်၊ စက်တင်ဘာ ၂၉

ကရင်ပြည်နယ် ဘားအံမြိုနယ် ဇာသပြင်ကျေးရွာ ရွာအပြင်ဘက် ကားလမ်းမကြီး တစ်လျှောက် လမ်းဘေးဝဲယာ စျေးဆိုင်ခန်းများနှင့် လူနေအိမ်များကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက လုံခြုံရေး အကြောင်းပြ အတင်းအဓမ္မ နေရာရွှေ့ခိုင်း၍ ပြည်သူများ မိုးရွာနေသည့် ကြားမှာ ဖျက်ပေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ကားလမ်းမဘေးတောက်လျှောက်ကို ဖျက်နေကြရတာ။ သစ်သားနဲ့ ဆောက်ထားကြတဲ့ ဆိုင်ခန်းတွေက ကားလမ်းမကနေ ၇၅ ပေ နောက်ဆုတ်ဖျက်ပေးရတယ်။ ၇၅ ပေဆိုတော့ အားလုံး ဖျက်လိုက်ကြရတော့တာပေါ့။ ဒီလမ်းမကြီးပေါ်မှာတင် တချို့အိမ်ကြီးအိမ်ကောင်းတွေ ရှိကြတယ်။ သူတို့လည်း လယ်ယာမြေပေါ် ဆောက်ထားတာချင်းအတူတူ ပေ ၅၀ ပဲ နောက်ဆုတ်ရတယ်။ဒီလမ်းမကြီးပေါ်မှာတင်ကို ၇၅ပေ နောက်ဆုတ်ရတဲ့ ဆိုင်တွေနဲ့ ပေ ၅၀ ပဲ နောက်ဆုတ်ရတဲ့ အိမ်တွေဆိုပြီး နှစ်ပိုင်းကွဲနေတာဗျ”ဟု ဒေသပြည်သူတစ်ဦးက ရန်သူခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကားလမ်းဘေးတစ်လျှောက်တွင် နေအိမ်နှင့် ဆိုင်ခန်းများတည်ထား နေထိုင်ခဲ့ကြသည်မှာ ၁၆ နှစ်နီးပါးခန့်ရှိပြီဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှ စ၍ ၁၀ ရက်အတွင်း ဖျက်သိမ်းပေးရန် စစ်တပ်နှင့်ရဲများက လာရောက်ခြိမ်းခြောက်အမိန့်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အလုပ်သမားတွေ ဌားရခက်တယ်။ မိုးတွင်းကြီးလည်း ဖြစ်နေတယ် အကုန် လုံးက မပြေလည်နေကြလို့ ဖျက်ရမယ့် ရက်ကို နည်းနည်း နောက်ဆုတ် ပေးဖို့ လူစုပြီး ပြောတာကို လုံးဝလက်မခံဘူးဗျာ။အဲ့တော့လည်း ဖျက်ရုံ နဲ့ ငတ်ရုံပဲ ရှိ တော့ တာပေါ့ဗျာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

အဆိုပါ နေအိမ်နှင့် ဆိုင်ခန်းများကို အသစ်ဆောက်နေသည့် ဇာသပြင် တံတား ဧရိယာနှင့် နီးကပ်နေ၍ လမ်းမကြီးချဲ့လျှင် လွတ်စေရန် နောက်ဆုတ် ခိုင်းခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးကိစ္စများကိုလည်း အကြောင်းပြကြောင်း နေအိမ်နှင့် ဆိုင်ခန်း ဖျက်သိမ်းရသည့် ပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article