25 C
Yangon

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကိုးကန့် MNDAA မှ ကိုယ်စားလှယ်အဖွဲ့ “ဝ” ပြည်နယ်သို့ ချစ်ကြည်ရေး ခရီး သွားရောက်

Must read

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကိုးကန့် MNDAA မှ ကိုယ်စားလှယ်အဖွဲ့ “ဝ” ပြည်နယ်သို့ ချစ်ကြည်ရေး ခရီး သွားရောက်

ရန်ကုန်၊ စက်တင်ဘာ ၂၉

အကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကိုးကန့် MNDAA မှ ကိုယ်စားလှယ်အဖွဲ့ က “ဝ” ပြည်နယ်သို့ ချစ်ကြည်ရေး ခရီး သွားရောက် ကြောင်း ကိုးကန့် The KoKang သတင်းဌာန က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကိုးကန့်MNDAA မှ ဗိုလ်မှူးချုပ် Peng Kun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆောင်းဦးရာသီ ပွဲတော်အချိန်ကာလ ချစ်ကြည် ရေး ခရီးစဉ်အဖြစ် “၀”ပြည်နယ်သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ MNDAA ကိုယ်စားလှယ်အဖွဲ့ကို “၀” ပြည်နယ် အစိုးရနှင့် တပ်မတော်တို့က ကြိုဆိုကြကြောင်း သိရှိရသည်။

ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပြီး နှစ်ဖက် အဆင့် မြင့် အရာရှိကြီးများ ပါဝင်ကြောင်း၊ တော်လှန်ရေးခရီးတွင် မျိုးဆက်ဟောင်း များထံမှ အမွေဆက်ခံခဲ့သော တော်လှန် ရေးချစ်ကြည်ရင်းနှီးမှုသည် မျိုးဆက် သစ် လူငယ်များထံ ဆက်လက် လက်ဆင့်ကမ်း သွားမည်ဟု ပြောကြားခဲ့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article