25 C
Yangon

ပုလောမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံး

Must read

ပုလောမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ – ပုလော PDF ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၇ နာရီခန့်က ပုလောမြို့နယ်၊ ၆ မိုင်အနီး ကင်းပုန်း ဝပ်နေ သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ် ရင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေ ဆုံးပြီး ၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ မိုင်းခွဲတိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နံနက် ၇ နာရီခွဲခန့်တွင် ပုလောမြို့မှ ထွက်ခွာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ခြုံခိုတိုက် ခိုက်ရန် ထွက်လာစဉ် နန်းပရုတ်ကျေးရွာ၊ ဖားအောက်တောရ အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားမှ လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်နှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်သားများသည် အင် အား ၇၀ ခန့်ဖြင့် ဝိုင်းပတ်ပိတ်ဆို့နိုင်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်စွာဖောက်ခွဲနိုင်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၂ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မျှစ်ချဉ်စုကျေးရွာ၊ စာသင်ကျောင်း၌ တပ်စွဲထားသော အင် အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားများကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်တပ်ပေါင်းစုမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦဂသေဆုံးကာ အထိနာသော အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှု ၃ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုအရေအတွက်သည် အတည်ပြုနိုင်သော အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article