31 C
Yangon

နိုင်ငံတကာက စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဝယ်ယူခွင့် မရရှိ စေရေး ဒဏ်ခတ်ပိတ်ဆို့နေချိန် ပြည်တွင်းတွင် အဆင့်အတန်းမြင့် လေယာဉ်ဆီ ချက်လုပ်ရန် စစ်တပ်က ကြိုးပမ်း

Must read

နိုင်ငံတကာက စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဝယ်ယူခွင့် မရရှိ စေရေး ဒဏ်ခတ်ပိတ်ဆို့နေချိန် ပြည်တွင်းတွင် အဆင့်အတန်းမြင့် လေယာဉ်ဆီ ချက်လုပ်ရန် စစ်တပ်က ကြိုးပမ်း

ရန်ကုန်၊ စက်တင်ဘာ ၃၀

အရပ်သားပြည်သူများကို တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ သတ်ဖြတ်နေသည့်အတွက် နိုင်ငံတကာက စစ်ကောင်စီကို လေယာဉ်ဆီ ဝယ်ယူ ခွင့်မရရှိစေရန် ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်နေချိန် စစ်တပ်က ပြည်တွင်း လေယာဉ်ဆီချက်လုပ်ရန် ကြိုးပမ်း နေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် စွမ်းအင် ဝန်ကြီးဌာန သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ရှိသော လေ ယာဉ် ဆီချက် စက်ရုံ(ကြည်သိန်း)တွင် လေယာဉ်ဆီတန်ချိန် ငါးသောင်းတိတိ ချက် လုပ်ရန် အတွက် စက်ရုံရှိ ကုန်ကြမ်းပစ္စည်း အချိုးအစားအလိုက် လိုအပ် မည့် ဒီဇယ် ဆီ ပမာဏ (High Speed Diesel) ကို ဝယ်ယူရန် တင်ဒါများ ခေါ်ယူလျက် ရှိ ကြောင်း သိရှိရသည်။

လာမည့် အောက်တိုဘာလတွင် လေယာဉ်ဆီချက်လုပ်ရန်အတွက် ဒီဇယ်ဆီ များ ကို တစ်လီတာလျှင် ငွေကျပ် ၂၄၀၀ ကျပ်မှ ၂၄၈၀ ကျပ်အကြား စျေးပေး၍ ဝယ်ယူ မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းတွင် လေယာဉ်ဆီများကို တိုးမြှင့် ထုတ် လုပ်ရန်နှင့် အဆင့်အတန်းမီသော လေယာဉ်ဆီများ ထုတ်လုပ်ရန် စွမ်းအင် ဝန်ကြီးဌာနကို ညွှန်ကြားထား ကြောင်း စွမ်းအင်းဝန်ကြီးဌာန သတင်းရင်း မြစ် က ပြောဆိုသည်။

“လေယာဉ်ဆီက အရင်ကတည်းက ပြည်တွင်းမှာ ထုတ်နေတာရှိပါတယ်။ ဒါပေ မယ့် စံချိန်စံညွှန်းက Import လေယာဉ်ဆီကို မမီဘူး။ လိုအပ်ချက် တွေရှိတယ်။ အခုက ကြိုးစားပြီး Quality အရ အရည်အသွေးကောင်းအောင် ကြိုးစား ထုတ်နေ တယ်” ဟု စွမ်းအင်းဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနှင့် ဥရောပ နိုင်ငံကြီးများက မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်း ဝယ်ယူခွင့်မရရှိစေရေး ဆီတင်သွင်း သည့် ကုမ္ပဏီကြီးများနှင့် လူပုဂ္ဂိုလ်များကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု များ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article