25 C
Yangon

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတား မှ အထက်ကို ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၁ စီးနှင့် ဖလပ်ခွန် ၈ စီးပါ ရေယာဥ် အုပ်စုက ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ချောင်းဦး ဆင်ဖြူရှင် တံတားဘက်ကနေ ဆန်တက်လာတဲ့ စစ်ခွေး ရေယာဥ် အုပ်စုက လက်နက်ကြီးတွေ ပစ်ခတ်နေလို့ မြစ်ကမ်း တစ်လျှောက်က ပြည်သူတွေ အရင်အတိုင်းပဲ ထွက်ပြေးတိမ်းရှောင် နေရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article