25 C
Yangon

နွားထိုးကြီး မြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး

Must read

နွားထိုးကြီး မြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးရှိ အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ ထံမှ သိရသည်။

စက်တင်ဘာလ ၂၉ ရက် ည ၉ နာရီခန့်က နွာထိုးကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ဆောက်လုပ်ရေးရုံးကို ဗုံးသီး ၁ လုံး၊ နွားထိုးကြီးမြို့မရဲစခန်းကို ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထိုသို့ တိုက်ခိုက်ပြီးနောက် ရဲစခန်းအတွင်းမှ မိသားစုဝင်များမှာ မိတ္ထီလာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း သိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နေ့လည် ၁၀ နာရီဝန်းကျင်ခန့်ကနွားထိုးကြီးမြို့မရဲ စခန်းအား ဒရုန်းဖြင့် ဗုံးသီး ၂ လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၂ ဦး‌ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နှင့် Natogyi Regional Defence Force မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article