မြိုင်မြို့နယ်ရှိ တောင်ရွာကို တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဥ် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူ ၁ ဦး၏ ရုပ်အလောင်းနှင့် ကျည်များ သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ တောင်ရွာကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဥ် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူ ၁ ဦး၏ ရုပ်အလောင်းနှင့် ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း THU RAIN – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဆုတ်ခွာသွားသော မြိုင်မြို့နယ်ရှိ တောင်ရွာကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဥ် အကြမ်းဖက် စစ်တပ်က ရိုက်နှက် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လွယ်အိတ် ၁ လုံး ၊ ၅.၅၆ ကျည် ၂၅၀ ထောင့် ၊ ဓာတ်မီး ၁ လက် ၊ လေးဂွ တစ်လက်နှင့် ပိုက်ဆံ ၅၉၅၀ တို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် ယင်းစစ်ကြောင်းသည် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“တောင်ရွာက ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က ရိုက်နှက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်။ အခု စစ်ကြောင်းက အထိအခိုက် များပြားလို့ ဒီနေ့နံနက်ပိုင်းမှာ တောင်ရွာ ကနေ ပခုက္ကူမြို့နယ်က အနောက်ဘုန်းကံကျေးရွာကို ဆုတ်ခွာသွားတယ်” ဟု THU RAIN – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားစဥ်၌ ထိခိုက် ဒဏ်ရာရရှိခဲ့သော ဒုတပ်ကြပ် ၁ ဦးသည် ဒဏ်ရာအခြေအနေ ပြင်းထန်သောကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။