25 C
Yangon

ပခုက္ကူမြို့ တပ်မ ၁၀၁ ၏ စစ်ယာဉ်တန်းကို ရေပြာရွာ ရဲစခန်းအနီးတွင် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ပခုက္ကူမြို့ တပ်မ ၁၀၁ ၏ စစ်ယာဉ်တန်းကို ရေပြာရွာ ရဲစခန်းအနီးတွင် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ ၏ စစ်ယာဉ်တန်းကို ရေပြာကျေးရွာ ရဲစခန်း အနီးတွင် ခြုံခိုတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် မကွေးတိုင်း၊ ပေါက် မြို့ နယ် သို့ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ကား ၇၃ စီးပါ စစ်ယာဉ်တန်း ထွက်ခွာလာ ရာ အဆိုပါ ယာဉ်တန်းသည် ရေပြာကျေးရွာ ရဲစခန်းအနီး အရောက် တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ချောင်းမြောင်း တိုက်ခိုက် ခဲ့ကြောင်း၊ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်စစ်သားများမှာ သေနတ်ကျည်ထိမှန် ဒစ်ရာ အသီးသီးရရှိကြောင်း သိရှိရသည်။

စစ်ဆင်ရေးတွင် အနီးကပ်ချောင်းမြောင်းတိုက်ခိုက်ခဲ့မှုကြောင့် စစ်သားများ သေဆုံးသော်လည်း လက်နက်များ ကောက်ယူနိုင်ခြင်းမရှိကြောင်း၊ စစ်တပ် ဘက်မှ သာလွန်အင်အားဖြစ်နေသဖြင့် တော်လှန်ရေးရဲဘော်များ ထိခိုက် ဒဏ်ရာရမည်ကို စိုးရိမ်၍ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၊ အောက်တိုဘာ လ ၂ ရက်နေ့ နံနက်အစောပိုင်း သေဆုံးသွားသော စစ်သား များကို မြုပ်နှံသဂြိုလ်ပြီး ဒဏ်ရာရ ရဲဘော်များကို မော်တော်ယာဉ်ပေါ် တင်ဆောင်၍ ပေါက်မြို့ဘက်သို့ ရေပြာတံတားမှ စစ်ကား အစီး ၇၀ ခန့် ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို ပေါက်မြိုနယ် YRF ဗိုလ်နားပေါက် အဖွဲနှင့် မြိုင်ပကဖ ဗိုလ်လက်ယာအဖွဲတို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်သားများ၏ သွေးအိုင်နှင့်သွေးအစအနများ ကျန်ရစ်ခဲ့ပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article