25 C
Yangon

CDF မင်းတပ်အတွက် AK-47 သေနတ် အလက် ၄၀ နှင့် ကျည်ဆန် ၁၂၀၀၀ ၊ ကျည်အိမ် ၁၂၀ ခုတို့ကို အဖွဲ့ ၃ ခုက တပ်ဆင်ပေး

Must read

CDF မင်းတပ်အတွက် AK-47 သေနတ် အလက် ၄၀ နှင့် ကျည်ဆန် ၁၂၀၀၀ ၊ ကျည်အိမ် ၁၂၀ ခုတို့ကို အဖွဲ့ ၃ ခုက တပ်ဆင်ပေး

■ AK-47 ၁၀ လက်နှင့် ကျည်ဆန်များ ထပ်မံတပ်ဆင်ဦးမည်

ရန်ကုန်၊ အောက်တိုဘာ ၃

ချင်းပြည်နယ်၊ မင်းတပ်အခြေစိုက် တော်လှန်ရေး တပ်တစ်ခုဖြစ်သော CDF မင်းတပ်အတွက် AK-47 သေနတ် အလက် ၄၀ နှင့် ကျည်ဆန် ၁၂၀၀၀ ၊ ကျည် အိမ် ၁၂၀ ခုတို့ကို အဖွဲ့ ၃ ခုက တပ်ဆင်ပေးလိုက်ကြောင်း International Mindat K’Cho Organization (IMCO)က တရားဝင် သတင်းထုတ်ပြန်သည်။

International Mindat K’Cho Organization (IMCO)၊ Heal the world၊ CEA(Norway) အဖွဲ့ ၃ ဖွဲ့က AK-47 သေနတ် ၄၀ လက်၊ကျည် ၁၂၀၀၀ တောင့်၊ကျည်အိမ် ၁၂၀ ခုတို့ကို ဝယ်ယူပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ထံသို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အပ်နှံပေးခဲ့ကြောင်း သိရှိရ သည်။

International Mindat K’Cho Organization (IMCO) အဖွဲ့အနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်အတွက် AK-47 သေနတ် ၅၀လက်ဝယ်ယူ တပ် ဆင် ပေးမည့်ပရောဂျက်ကို ၂၀၂၂ ခုနှစ်၊ဇွန်လတွင်စတင်ခဲ့ပြီး ပရောဂျက် အတွက် အမေရိကန်ဒေါ်လာ ၁၈၅၀၀၀ (တစ်သိန်းရှစ်သောင်း ငါးထောင်) ကုန်ကျမည်ဖြစ်ကာ လက်နက် ၅၀လက်၊ကျည် ၁၅၀၀၀ တောင့်၊ကျည်အိမ် ၁၅၀ ရရှိဖြစ်ကြောင်း သိရှိရသည်။

ပရောဂျက်အတွက်ကံစမ်းမဲထီလက်မှတ်များရောင်းချလျက်ရန်ပုံငွေရှာဖွေခဲ့ရာအမေရိကန်ဒေါ်လာ ၇၀၀၇၂ ဒသမ ၇၁ ရရှိခဲ့သော်လည်းကာကွယ်ရေး တပ်ဖွဲ့များ ၏အရေးပေါ်လိုအပ်ချက် စားနပ်ရိက္ခာ ဖြည့်ဆည်း ရသဖြင့်လက် ကျန် ဒေါ်လာငွေစုစုပေါင်း ၅၈၇၄၉ ဒသမ ၄၀ ကို ပရောဂျက်အတွင်း အသုံးပြု ခဲ့ရကြောင်း၊ ဒေါက်တာအငြိမ်းဦးဆောင်သော Heal the world အဖွဲ့နှင့် CEA(Norway) တို့က ဒေါ်လာ ၃၅၀၀၀ ခန့်ပူးပေါင်းအားဖြည့်ခဲ့ကြပြီး ပရော ဂျက် အတွက်လိုအပ်သည့်ရန်ပုံငွေအများစုကို IMCO အဖွဲ့ဝင်များ ထံမှ ကောက်ခံသည့်လစဥ်ကြေးများဖြင့်ဖြည့်ဆည်းခဲ့ရကြောင်း၊ ပရောဂျက် လက်ကျန် AK-47 သေနတ် ၁၀ လက်၊ကျည် ၃၀၀၀ တောင့်၊ကျည်အိမ် ၃၀ ခုကိုလည်းမကြာမီထပ်မံရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပရောဂျက်တွင် ပါဝင်ခဲ့ကြသည့် ကံစမ်းမဲထီလက်မှတ်များ ဝယ်ယူ အားပေး ခဲ့ ကြသောပြည်တွင်းပြည်ပမြန်မာနိုင်ငံသားများ၊ဒေါက်တာ အငြိမ်း ဦးဆောင်သော Heal the world အဖွဲ့သားများ၊ CEA(Norway) အဖွဲ့သား များကို လည်းကောင်း၊လက်နက်များဝယ်ယူရာတွင် အစအဆုံး အကူအညီ ပေးခဲ့သည့် NUG အစိုးရကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ တာဝန်ခံ ပုဂ္ဂိုလ်များ၊လက်နက်များဘေးကင်းလုံခြုံစွာသွား ရောက်သယ် ယူခဲ့သည့် CDF-Mindat ရဲဘော်များ၊နိုင်ငံအလိုက် IMCO အီးစီလူကြီးများ၊မြောက် အမေရိက နှင့် သြစတြေးလျရှိပြည်နယ်အလိုက် IMCO ခေါင်းဆောင်များ၊တော်လှန် ရေး ကာလ တလျှောက် လုံး လစဥ်ကြေးများ မငြီးမငြူ ထည့်ဝင် ခဲ့ကြသည့် IMCO အသင်းသူအသင်းသားများ အားလည်း ကောင်း၊လက်နက် များကို K’Cho ချင်းရိုးရာထုံးဓလေ့နှင့်အညီ အပ်နှံခဲ့သည်ဖြစ် ရာ ပွဲအတွက် လိုအပ် သောနွားနောက် ၃ ကောင်လှူဒါန်းခဲ့ကြသည့် IMCO (သြစတြေးလျ)၊ IMCO (ဦးအွမ်ဖေ-အမေရိကန်)၊ IMCO (ဥရောပ)တို့အား လည်းကောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article