စစ်တပ်နှင့်ပူးပေါင်းသည့် စီးပွားရေးသမား ၊ လက်နက်ပွဲစား ဉာဏ်လွင်အောင် မသေဆုံးခင် ဘယ်သူတွေနဲ့ပေါင်းလို့ ဘာတွေ လုပ်ခဲ့လဲ
ရန်ကုန်၊ အောက်တိုဘာ ၃
စစ်တပ်နှင့်ပူးပေါင်းသည့် စီးပွားရေးသမား ၊ လက်နက်ပွဲစား ဉာဏ်လွင်အောင် က စစ်တပ်ကို ထောက်ခံကြောင်း လူမှုကွန်ရက်များမှတစ်ဆင့် ထုတ်ဖော်ပြော ဆိုခဲ့သူလည်းဖြစ်ပြီး အာဏာရှင်ဟောင်း နေဝင်း၏ မြေးဖြစ်သူ အေးနေဝင်း နှင့် လည်း ထဲထဲဝင်ဝင်ပတ်သက်နေသူလည်းဖြစ်သည်။
Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က ဉာဏ်လွင်အောင်နှင့်ပတ်သက်သော အကြောင်းအရာများကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသည်။
စစ်တပ်အသိုင်းအဝိုင်းထဲတွင် ကိုဥာဏ်ဟု သိကြသည့် ဥာဏ်လွင်အောင်သည် ကာကွယ်ရေး ဝန်ကြီးဌာနအတွက် နာမည်ခံကာ လိုအပ်သော ပစ္စည်းများ ဝယ်ယူပေးနေကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ ပြည်သူများ အပေါ်ဖိနှိပ်ရန်ရည်ရွယ်ဆောင်ရွက်နေသည့် Facial Recognition System ပါ CCTV များ တင်သွင်းခွင့်ရရှိထားသူဖြစ်ကြောင်း၊ ဥာဏ်လွင်အောင် သည် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်၂၄ ၊ ပြည်ထဲရေး ဝန်ကြီး ဌာနရုံး အမှတ် ၄၉ နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံး တို့သို့အတား အဆီးမရှိ ဝင်ထွက်ခွင့်ရထားသူဖြစ်သည်။
ထို့ပြင် သေဆုံးသူ ဉာဏ်လွင်အောင်သည် အာဏာသိမ်းစစ်တပ်ကို အပြည့်အဝ ထောက်ခံ သည့် အပြင် ရုရှား သို့ မြန်မာစစ်တပ်ကိုယ်စားလှယ်များ နှင့်အတူ ခရီးသွားခွင့်ရခဲ့သူဖြစ်ပြီး ရုရှား ကာကွယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး နှင့်လည်း ရင်းနှီးသူဖြစ်ကြောင်း၊ စစ်တပ်အာဏာ သိမ်းခြင်းကို အပြည့်အ၀ ထောက်ခံရုံသာမက လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန် ရေး တပ်ဖွဲ့ဝင်များကို ဆဲဆိုခြင်း၊ ၎င်း၏ ဝန်ထမ်းများကို စစ်တပ် ၏ သစ္စာ အဓိဋ္ဌာန် ၄ ချက်ကို ရွတ်ခိုင်းသူဖြစ်ကြောင်း သိရှိရသည်။
အလားတူ Urban Owls မြီု့ပြပြောက်ကျားတပ်ဖွဲ့၏ ထောက်လှမ်းရရှိ ထား သော အချက်အလက် များအရ ဉာဏ်လွင်အောင်သည် မြန်မာနိုင်ငံအပြင် ထိုင်း၊ တရုတ်၊ ရုရှားနှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့် လုပ်ငန်းခွဲများ ဖွင့်လှစ်ကာ ငွေကြေး ခဝါခမှု ချောမွေ့ စေရန် Well and Fair ပြည်ပ ခရီးသွားကုမ္ပဏီတစ်ခုကိုလည်း ထူထောင် ထားသည်။
၎င်းနှင့်ပတ်သက်သော အသေးစိတ်အကြောင်းအရာများကို ရန်ကုန်ခေတ်သစ် သတင်းဌာန၏ Facebook လူမှုကွန်ရက်တွင် ဖော်ပြရန်မှာ Community Standard အရ မဖော်ပြနိုင်ဘဲ ရန်ကုန်ခေတ်သစ်တယ်လီဂရမ် https://t.me/khitthitnews/139052 တွင် အသေးစိတ် ဓာတ်ပုံများနှင့် တကွ သွားရောက် ကြည့်ရှုနိုင်ပါသည်။
