ဆားတောင်မြို့ ရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၉၃ နှစ် အရွယ်အဖွားအို ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ရဲစခန်းမှ အောက်တိုဘာ ၁ ရက်နေ့ ညနေတွင် ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရေကြည်ရပ်ကွက်မှ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဆားတောင်မြို့ ရဲစခန်း၏ ပစ်ခတ်မှုကြောင့် အသက် ၉၃ နှစ်ရှိသူ အဖွားအို ဒေါ် အုန်းခင် နှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်ရွှေတို့ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ဒေါ်မိုးတင်မှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိထားသူများကို မန္တလေးဆေရုံတွင် တင်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

