25 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၆၀၀၀ ကျော် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၆၀၀၀ ကျော် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၃

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် နေ့ရပ်စွန်ခွာ ထွက်ပြေးနေရသည့် စစ်ရှောင်များ ၆၀၀၀ ကျော်မှာ စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင် အရေး ကူညီဆောင်ရွက် ပေးနေသူများထံမှ သိရသည်။

တနင်္သာရီမြို့နယ်ထဲက ကျေးရွာအချို့တွင် စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရသူများ စစ်ရှောင် ဦးရေသည် ၆၀၀၀ ကျော် ရှိနေဖြစ်သည်။

နွေဦးမေတ္တာနှင့် တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့တို့ ချိတ်ဆက်ကူညီ ထောက်ပံ့ပေးနေတဲ့ အမျိုးသမီး တစ်ဦးက “အရင်ကလည်း အမြဲတမ်း စစ်ရှောင်တွေလည်း ရှိနေတယ်။ အခုလည်း ပြီးခဲ့တဲ့ လကစလို့ စစ်တပ်က လက်နက်ကြီးပစ်လို့ ထွက်ပြေးလာတဲ့ သူတွေ ရှိတယ်။ အခုတော့ ၆၀၀၀ ကျော် အထိ ရှိလာနေတယ်။ သူတို့ အတွက် ရိက္ခာထောက်ပံ့ဖို့ အခက်အခဲဖြစ်လာတယ်” ဟုပြောသည်။

လက်ရှိ စစ်ရှောင် ဦးရေ ၆၀၀၀ ကျော်ထဲတွင် ရမ်းဖို၊ ကမ်းတို၊ ဘန်းလမွတ်၊ မော်တုန်း၊ တမုတ်ချုန်း၊ လယ်သစ် ကျေးရွာများရှိ စစ်ဘေးရှောင် ပြည်သူများအပြင် ပြင်ဝန်းကျေးရွာက စစ်ရှောင်များလည်း ပါဝင်ကြောင်း အထက်ပါ အဖွဲ့များက ပြောသည်။

“အရင်က ဆိုရင် ၂၀ ပြည်နဲ့ ၂၄ ပြည်ရှိ ဆန်တစ်အိတ်ကို ကျပ် ၁၈၀၀၀ ဝယ်ပြီး ထောက်ပံ့ပေးခဲ့တယ်။ အခု ကုန်စျေးနှုန်း ကြီးမြှင့်မှုကြောင့် ဆန် တစ်အိတ်ကို ကျပ် ၇၀၀၀၀ အထိ ခုန်တက်လာတယ်။ အဲ့ဒါကြောင့် စစ်ရှောင်တွေကို လုံလောက်မှု ရှိအောင် ထောက်ပံ့ ကူညီပေးနိုင်ခြင်း မရှိတာ ဖြစ်တယ်”ဟုပြောသည်။

ဒါအပြင် မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်တစ်ခုဖြစ်သည့် ဇဝဲလမ်းဆုံ အခြေစိုက် ခြေမြန် တပ်ရင်း အမှတ်-၅၅၆ သည် ဆန်၊ စားသောက်ကုန်များ၊ ဆေးဝါးများနှင့် စက်သုံးဆီများကို အများအပြား သယ်ဆောင်ခွင့်ကို အကန်သန့်ဖြင့် သယ်ဆောင်ခွင့် ရှိနေကြောင်း ဒေသခံများနှင့် စစ်ရှောင် ကူညီပေးနေသူများ ကပြောသည်။

စစ်ဘေးရှောင်များအတွက် လတ်တလော စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေ၍ အလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အထက်ပါ စစ်ဘေးရှောင် ကူညီပေးနေသူသည့် အဖွဲ့များက လူမှုကွန်ရက်စာမျက်နှာများတွင် အသိပေးနိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article