33 C
Yangon

မြောင်နှင့် ရေစကြိုတွင် ရဲစခန်းနှင့်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ ပေါက်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

မြောင်နှင့် ရေစကြိုတွင် ရဲစခန်းနှင့်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ ပေါက်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းနှင့် ကျောက်ရစ်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ် တပ်စွဲထားသည့် မြောင်ရဲစခန်းကို Shar Htoo WAW နည်းပညာ Fixed Wings ဒရုန်း ၃ စင်းဖြင့် ဗုံး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ် မှ ည ၁၀ နာရီ ၄၅ မိနစ်အထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်း တပ်စွဲထားသော ကျောက်ရစ်ရဲစခန်းကို Shar Htoo WAW နည်းပညာ Fixed Wings ဒရုန်း ၃ စင်း နှင့် လေးလက် ဒရုန်း ၂ စင်း တို့ဖြင့် ဗုံး ၁၆ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့ ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ -GTR MMU ဒရုန်းအဖွဲ့ ၊ Wild Bird ကောလင်းဒရုန်းအဖွဲ့ ၊ မြောင်မြို့နယ် ပလဖ ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ -CRF ၅၊ ဆင်ရိုင်းစစ်ကြောင်း-မြောင် ၊ မြင်းခြံခရိုင်တပ်ရင်း ၂ (MGN RANGER & PDF TALOKE) ၊ Myaung Union Army-MUA ၊ BLOOD BROTHERS ၊ LACR မြင်းခြံ ၊ YOUND MAN အဖွဲ့ မြင်းခြံ ၊ Sintkaing Revolution Force ၊ စဥ့်ကိုင် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ၃ ရက်ကြာ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်သား များကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ အကြမ်းဖက်စစ်သား များနှင့် ဆင်ချောင်းရွာမှ ပျူစောထီးပူးပေါင်းကာ အင်အား ၈၀ ခန့်ဖြင့် ကိုင်းမကြီးကျေးရွာ၊ ဆင်တံနား ကျေးရွာနှင့်အနီးအနားတောင်ပေါ်တို့၌ ၂ ညအိပ် ၃ ရက်ကြာ စစ်ကြာင်းထိုးခဲ့သော အကြမ်းဖက်စစ်သား များကို ၆၀ မမ လက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်း၊ မောင်းသူမဲ့လေယာဉ်များဖြင့် ဗုံးသီးများ ကျဲချ တိုက် ခိုက်ခဲ့သည့်အပြင် အပြန်လမ်း၌လည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကိုင်းမကြီးကျေးရွာကနေ ဆင်တံနားရွာ၊ အဲဒီကနေမှ ဆင်တံနားတောင်ပေါ် ပတ်ဝန်းကျင်ကို လှည့်ပြီး တော့ စစ်ကြောင်းထိုးသွားတာဗျ၊ နှစ်ညအိပ် ၃ ရက်ပေါ့၊ သူတို့ စစ်ကြောင်းထိုးရာလမ်းတလျှောက်နဲ့ အပြန်လမ်းတလျှောက်မှာတော့ ဆေးပတ်တီးဖြည်ထားတာတွေ၊ သွေးကွက်တွေ၊ ဆေးကုသထားတဲ့ အရာတွေနဲ့ ဆေးအသုံးအဆောင်ပစ္စည်းတွေတော့ တွေ့ရတယ်၊ ကိုင်မကြီးကျေးရွာဆိုတာက အရင်တစ် ခါ မီးရှို့ထားပြီးသား၊ အခုတစ်ခါလည်းကျန်တဲ့အိမ်တွေထဲက လိုချင်တဲ့ပစ္စည်းတွေကို အကုန်ယူသွား တာ၊ နောက်ပြီးတော့ ဒိုင်နာတစ်စီးနဲ့လည်း ပစ္စည်းတွေတိုက်သွားသေးတယ်၊ ဘာတွေတိုက်သွားလဲ တော့ မသိရဘူး၊” ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တပ်ဖွဲ့ဝင်များမှ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနို်ငသော်လည်း အတိအကျ မသိရကြောင်း ရေစကြိုပကဖ မှ ထုတ်ပြန် ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၃ ရက် နေ့လည် ၁၁ နာရီ မိနစ် ၄၀ ခန့်က ပခုက္ကူတပ်မ ၁၀၁ မှ ထွက်ခွာလာ သော အကြမ်းဖက်စစ်ကား ၇၃ စီးပါ ယာဉ်တန်းရှေ့ပွိုင့်ကို ဗိုလ်တစ္ဆေတပ်ဖွဲ့နှင့် မြိုင် ပကဖ တပ်ရင်း ၃ တို့ ပူးပေါင်းကာ ယာကြီးပြင်(ပျူ)ကျေးရွာမှ အထွက် အမှတ် ၁ အုန်းတောတံတား အနောက်ဘက်ထိပ် အရောက် နည်းပညာပေါင်းများစွာဖြင့် စီမံပြုလုပ်ထားသော မိုင်းမျိုးစုံဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်ပြီး ရှေ့ထွက်မိုင်း၊ တိုက်မိုင်း၊ ကြွမိုင်း၊ နင်းမိုင်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ တပ်မ ၇၄ မှ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် တပ်သား ၂ ဦး နေရာမှာပင် သေဆုံးပြီး ၅ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ သေဆုံး ၊ ထိခိုက်ဒဏ်ရာရရှိသူများကို ထမ်းသယ်ကာ ယာကြီးပြင် (ပျူ)ကျေး ရွာမှ မှန်လုံ ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ယာဉ်တန်း ရှေ့ပြေးပွိုင့်မှာ အမှတ် ၁ အုန်းတော တံတား၏ အနောက်ဘက်သို့ ထိုးဖောက်နိုင်ခြင်းမရှိတော့ပဲ တံတားအရှေ့ဘက်ခြမ်းရှိ ယာကြီးပြင်(ပျူ) ရွာအတွင်းသို့ မွန်းတည့် ၁၂ နာရီခန့်တွင် ပြန်လည် ဆုတ်ခွာသွားကာ ညနေ ၃ နာရီခွဲခန့်တွင် အုန်းတော တောင်ဘက် ဘုရားကုန်းမှတဆင့် အုန်းတောကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ညနေ ၄ နာရီ ၁၀ မိနစ် ခန့်စတင်ပြီး ၇ ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နေအိမ်များကို မီးရှို့နေစဉ် ပဒေသာမိုင်းများ ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင် သေဆုံး ကာ ၃ ဦးထက်မနည်းဒဏ်ရာရရှိပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ သေဆုံးဒဏ်ရာရ လူ နာများကို ယာကြီးပြင်ကျေးရွာမှ ကားတစ်စီးဖြင့် သယ်ဆောင်သွားကြောင်း မြိုင်ပကဖ ထုတ်ပြန်ချက် အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article