26 C
Yangon

ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်မှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတဲ့အပေါ် NUG က စိုးရိမ်ပူပန်

Must read

ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်မှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတဲ့အပေါ် NUG က စိုးရိမ်ပူပန်

ရန်ကုန် | အောက်တိုဘာ ၄

ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို စစ်ကောင်စီ ကိုယ်စာလှယ်တွေ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က အလွန်ပင် စိုးရိမ်ပူပန်မိတယ်လို့ အောက်တိုဘာလ ၂ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ကစလို့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ EU ဥရောပသမဂ္ဂနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေးကော်မရှင်တို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

“Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်နဲ့ ဖိုရမ်မှာ စစ်ကောင်စီ ကိုယ်စား လှယ် တွေကို ဖိတ်ကြားထားကြောင်း ကြားသိရတယ်လို့ NUG အစိုးရက ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်အနေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တက်ကြွ လှုပ်ရှားသူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား အရွယ်ကလေးသူငယ်တွေပါမကျန် သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုနဲ့ လူသား မျိုးနွယ် စုတစ်ခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန် နေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်မှာ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စား လှယ်တွေ ပါဝင်တက်ရောက်ရမယ့်အစား တရားမဝင် အကြမ်းဖက် စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် NUGအစိုးရ အနေနဲ့ အလွန်ပင် အံ့ဩတုန်လှုပ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

အဆိုပါဖိုရမ်ဟာ NUGအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ဘယ်လ် ဂျီ ယံ နိုင်ငံ၊ ဘရပ်ဆဲလ်မြို့က ဥရောပသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အထူး ကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်နေတဲ့ ဖိုရမ်ဖြစ်ပါတယ်။

NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ ခရီးစဉ်မှာလည်း မြန်မာ့ ဒီမိုကရက်တစ်အဖွဲ့အစည်းတွေ၊ NUG၊CRPH ၊ NUCC ၊ပြည်နယ် တိုင်း အဆင့် အဖွဲ့အစည်းတွေေ ကိုယ်စားလှယ်တွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ အရပ် ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို စတင်ကျင်းပဖို့ အဆိုပြုခဲ့တယ်လို့ NUGက ဆိုပါတယ်။

ဒါ့ကြောင့် EU ဥရောပသမဂ္ဂနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် တို့အနေနဲ့က စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရာမှာ မြန်မာပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်တွေနဲ့သာ ကျင်းပပြုလုပ်ကြဖို့ တိုက်တွန်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article