25 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြီး နေအိမ်သို့ ပြန်ရောက်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ဒေးဒရဲတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြီး နေအိမ်သို့ ပြန်ရောက်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ဒေးဒရဲတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြီး နေအိမ်သို့ ပြန်ရောက်နေသည့် ကြို့ကိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၂၇ မိနစ်တွင် အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ဇော်ဝမ်းသည် အင်းမတပ်၌ စစ်သင်တန်းတက်ပြီး နေအိမ်ကို ပြန်လည် ရောက်ရှိနေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များမှ အဖွဲ့ ၃ ဖွဲ့ခွဲကာ ကြို့ကိုးပင်ရွာရှိ ၄င်းနေအိမ်မှ ထွက်လာချိန် ရွာလမ်းမပေါ်တွင် တော်လှန်ရေး ရဲဘော်များက သေနတ်ဖြင့် ကျည် ၈ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဇော်ဝမ်းထံမှ အကြမ်းဖက် စစ်တပ်မှ အရာရှိများနှင့် အဆက်အသွယ် လုပ်ထားသည့် မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ငွေသား ၄၂၀၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းရရှိခဲ့ပြီး ၄င်းကိုင်ဆောင်နေသည်ဟု ကြားသိထားသည့် လက်လုပ်သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၂ လုံးကို မတွေ့ရှိသောကြောင့် သိမ်းယူနိုင်းခြင်း မရှိကြောင်း သိရှိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ဒေသတွင်းရှိ လူငယ်များကို ပျူစောထီး အဖွဲ့ထဲ ဝင်ရန် မက်လုံးပေး စည်းရုံးနေပြီး စစ်တပ်အတွတ် အင်အားစုဆောင်းပေးခြင်း ၊ တော်​လှန်​ရေး ရဲ​ဘော်​များ၏ သတင်းများ​ ထောက်​လှမ်း​ပေးပို့ခြင်း၊ PDF စခန်း တည်နေရာများကို သတင်းပေးခြင်းနှင့် စစ်ကြောင်းထိုးရာတွင် လိုက်လံပြသခြင်း၊ စစ်တပ်မှ အရာရှိများနှင့် ပူးပေါင်း၍ ဒေသ ပြည်သူများကို ဖမ်းဆီး အနိုင်ကျင့်နေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

” သူ့တပည့်ပျူတွေ ရောက်ချလာလို့ အိမ်ထဲမှာ ကျန်နေတဲ့ စခတွေပေးထားတဲ့ လက်လုပ်သေနတ်နဲ့ လက်ပစ်ဗုံး ၂လုံး ဝင်မယူနိုင်ခဲ့ဘူး။ သူအရှင်းခံရတယ်ကြားပြီး မြို့ထဲက စစ်ခွေးတွေနဲ့ တိမ်မြုပ်တပ်က စစ်ခွေးတွေ ကားတွေနဲ့ တက်ချလာတာ အများကြီး သူကအုတ်ဖိုမြို့က နာမည်ကြီး ပျူခေါင်းဆောင်ကြီး သာလှအောင်ရဲ့ လက်ရင်းတပည့်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ခန့်တွင် ပျူစောထီးခေါင်းဆောင် ကျော်စိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပျူစောထီး ခေါင်းဆောင် ကျော်စိုးသည် ၄င်း၏ မယားငယ်ကို လက်ဖက်ရည်ဆိုင်မှ နေအိမ်သို့ လိုက်ပို့စဥ် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရကာ ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီး ခေါင်းဆောင်သည် ဒေးဒရဲမြို့တွင် ဗိုလ်မှူးများနှင့် ပူးပေါင်းပြီး ဖမ်းဆီငွေညစ်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ပြုလုပ် လိုသူများကို ငွေကြေး သိန်း ၃၀ တောင်းရမ်းပြီး လုပ်ခွင့်ပေးခြင်း၊ ၎င်းကိုယ်တိုင် အလောင်းကစား ၂ လုံး ၃ လုံးလုပ်ကိုင်ခြင်း၊ စစ်တပ် ၊ ရဲ နှင့် ပူးပေါင်းပြီး ၎င်းနှင့် မတည့်သူများကို ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်သူဖြစ်ကြောင်း သိရှိရသည်။

Photo – ကြို့ကိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article