25 C
Yangon

မြိုင်မြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ ဒဏ်ရာရ စစ်သားများကို လာခေါ်သည့် ကားများကိုလည်း မိုင်းဆွဲ တိုက်ခိုက်

Must read

မြိုင်မြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ ဒဏ်ရာရ စစ်သားများကို လာခေါ်သည့် ကားများကိုလည်း မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၄

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်တွင် ကိုင်းတောမ‌ကျေးရွာရှိ ရေစက်စောင့်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆုံကုန်းကျေးရွာကို ရိက္ခာ လုယူရန် ထွက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များက လက်နက်ကောက်ယူရန် ပြုလုပ်စဥ် စစ်တပ်ဘက်မှ ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ မှ ရဲဘော် ၁ ဦး ဦးခေါင်း ကျည်ရှပ်ထိ မစိုးရိမ် ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦးလည်း မစိုးရိမ် ဒဏ်ရာရရှိကာ လက်နက်များ ရယူနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိထားသော စစ်သားများကို စက်မှု ၂ ရှိစစ်သားများက ကားဖြင့် လာရောက်ခေါ်ဆောင်သွားစဥ် မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ မှ ပေပါ မိုင်း အပါဝင် ပဒေသာ မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိထားသော စစ်သားများကို လေယာဥ်ဖြင့်လာရောက် ခေါ်ဆောင်သွားကြောင်းသိရပါသည်။

“စစ်ခွေးတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံရန်သတိပေးအပ်ပြီး မခိုလှုံပါက ဒီထပ်ကောင်းမွန်တဲ့ စစ်ဆင်ရေးတွေနဲ့ ထပ်မံတိုက်ခိုက်မှာ ဖြစ်တယ်လို့ အသိပေး ချင်တယ်” ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ နှင့် အတူ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁ ၊ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ ၊ MUGDF ၊ ပခုက္ကူခရိုင် တပ်ရင်း၂ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article