25 C
Yangon

ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းက စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေး

Must read

ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းက စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေး

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းက စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁ လ တာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲမှ တပ်ရင်း လှုပ်ရှားမှု နယ်မြေအတွင်းရှိ မီးဘေးသင့် စစ်ဘေးဒုက္ခသည် ပြည်သူများ နှင့် ဒေသခံ ပြည်သူများကို ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ၄၂၃ ဦး ၊ အသေးစားခွဲစိတ်မှု ၁၀ ဦး ၊ Malaria patient ၁ ဦး နှင့် မွေးလူနာ ၂ ဦး စုစုပေါင်း ပြည်သူ ၄၃၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းသည် အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် ရရာလက်နက်စွဲကိုင်၍ စစ်ရေးအရ တော်လှန်တိုက်ခိုက်နေပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဥ်များ နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်နေကြောင်း၊ ပြည်သူများအနေဖြင့် ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း၏ စစ်ရေးလှုပ်ရှားမှုများ နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပိုမိုအားဖြည့်ပါဝင်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်ကြောင်း ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article