25 C
Yangon

ဒီပဲယင်းရှိ နှမ်းဘဲလှရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်ကအကြောင်းမဲ့ သတ်ဖြတ်၊ ပုဂံရွာရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်ကြောင်းက မီးရှို့ဖျက်ဆီး

Must read

ဒီပဲယင်းရှိ နှမ်းဘဲလှရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်ကအကြောင်းမဲ့ သတ်ဖြတ်၊ ပုဂံရွာရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်ကြောင်းက မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ နှမ်းဘဲလှရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ပြီး ပုဂံရွာရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် ပုဂံကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က နှမ်းဘဲလှကျေးရွာသား ဦးဝင်းအောင်ကို ဖမ်းဆီး၍ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“နှမ်းဘဲလှကျေးရွာသား ဦးဝင်းအောင်ကို ဖမ်းဆီးပြီး ပုဂံကျေးရွာအနီး ငရုတ်ခင်းဘေးမှာ သတ်သွားပါတယ်ခင်ဗျာ။ အကြောင်းမဲ့ဖမ်းဆီးပြီး သတ်သွားတာ” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူကပြောကြားသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် ပုဂံကျေးရွာကိုလည်း ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ကား၊ ထော်လာဂျီနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း လက်တီးကျေးရွာတွင်းသို့ ဝင်ရောက်ခဲ့ပြီး လက်တီးကျေးရွာမှာ ကိုနိုင်လင်းကို ခေါင်း၊ ခြေ၊လက်များ ဖြတ်၍ သတ်ဖြတ်သွားခဲ့ပြီး ဦးငမြနှင့် ကိုကျော်နိုင်တို့ကို ဖမ်းဆီးသွားခဲ့သော်လည်း လက်ရှိအချိန်အထိ ဦးငမြနှင့် ကိုကျော်နိုင်တို့၏ နောက်ဆက်တွဲသတင်းကို မသိရသေးကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များထံမှ သိရှိရသည်။

ယင်း စစ်ကြောင်းသည် အောက်တိုဘာ ၃ ရက်နေ့နံနက်တွင် ရေဦး – ဒီပဲယင်းအစပ် ပျော်ဘွယ်၊ မစိုးရိမ်ကျေးရွာများသို့ ဝင်ရောက်၍ မုတ်စီကျေးရွာမှ တစ်ဆင့် ရေဦးသို့ ဝင်ရောက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article