25 C
Yangon

ကမ္ဘာတွင် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက အင်တာနက် လွတ်လွပ်ခွင့် အပေါ် ဖိနှိပ်ချိုးဖောက်နေသော ဒုတိယ အဆိုးဝါးဆုံး နိုင်ငံ ဖြစ်လာ၊ မြန်မာ စစ်တပ်က မိုဘိုင်းလ်ဖုန်းနှင့်အင်တာနက် အသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်

Must read

ကမ္ဘာတွင် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက အင်တာနက် လွတ်လွပ်ခွင့် အပေါ် ဖိနှိပ်ချိုးဖောက်နေသော ဒုတိယ အဆိုးဝါးဆုံး နိုင်ငံ ဖြစ်လာ၊ မြန်မာ စစ်တပ်က မိုဘိုင်းလ်ဖုန်းနှင့်အင်တာနက် အသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်

ရန်ကုန်၊ အောက်တိုဘာ ၅

ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အပေါ် ဖိနှိပ်နေသော ဒုတိယအဆိုးဝါးဆုံးနိုင်ငံတစ်ခုဖြစ်လာကြောင်း အမေရိ ကန် Freedom House အဖွဲ့က ယမန်နေ့ ထုတ်ပြန်လိုက်သော အစီရင်ခံ စာအရ သိရှိရသည်။

အစီရင်ခံစာအရ တရုတ်နိုင်ငံသည် အမှတ် ၁၀၀ တွင် ရမှတ် ၉ မှတ်ဖြင့် ပထမ အင်တာနက် လွတ်လပ်ခွင့်အပေါ် အချိုးဖောက်ဆုံးသော နိုင်ငံအဖြစ် လည်း ကောင်း၊ မြန်မာနိုင်ငံက ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယ၊ အီရန်က ရမှတ် ၁၁ မှတ် ဖြင့် တတိယ၊ ကျူးဘားက ရမှတ် ၂၀ ဖြင့် နံပါတ် ၄ ၊ ရုရှားက ရမှတ် ၂၁ မှတ် ဖြင့် နံပါတ် ၅ ၊ ဗီယက်နမ်က ရမှတ် ၂၂ မှတ်ဖြင့် နံပါတ် ၆ နိုင်ငံများအဖြစ် အသီးသီး ရပ်တည် လျက်ရှိသည်။

မြန်မာနိုင်ငံသည် ယမန်နှစ်က ရမှတ် ၁၂ မှတ် ရရှိခဲ့သော်လည်း ယခုနှစ်တွင် အင်တာနက် လွတ်လပ်ခွင့် ထပ်မံကျဆင်းကာ ရမှတ် ၁၀ မှတ်ဖြင့် ကမ္ဘာတွင် ဒုတိယ အင်တာနက်လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံဖြစ်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်း ခဲ့ ပြီးနောက် ပြည်တွင်း မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှင့် အင်တာနက်လိုင်းများကို ဖြတ် တောက်ခြင်း၊ အင်တာနက် အွန်လိုင်းအသုံးပြုသူများအနက်မှ စစ်တပ်ကို ဝေဖန်နေသူများ၊ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြောင်း သိရှိရသည်။

စစ်တပ်သည် အာဏာဖီဆန်မှုနှင့် လက်နက်ကိုင် တော်လှန်ရေးများ လွှမ်းခြုံ ထားသည့် ကာလများအတွင်း အင်တာနက် လွတ်လပ်ခွင့်ကို ဆက်လက် ဖိနှိပ်နေ ကြောင်း၊ ဒေသအလိုက် အင်တာနက်ပိတ်ခြင်း၊ အင်တာနက် အသုံးပြု ခ ဒေတာဈေးတက်ခြင်း၊ စစ်တပ်ကို ဆန့်ကျင်သူသော အရေးအသား အွန်လိုင်း တွင် ရေးသားသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်း၊ ဖုန်းနှင့် အင်တာ နက် အသုံးပြုသူများကို မှတ်ပုံတင်ခိုင်းခြင်း အပါအဝင် တင်းကျပ် သောစည်း မျဉ်းများဖြင့် ထိန်းချုပ်ခြင်း၊ ဆင်ဆာဖြတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကို စစ်တပ်က လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားပိုင် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသော Telenor နှင့် Ooredoo တို့သည် ၎င်းတို့၏မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း များကို ပြည်တွင်းကုမ္ပဏီများထံသို့ ရောင်းချ ထွက်ခွာသွားပြီးနောက်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှု အားလုံးသည် စစ်တပ် ၏ထိန်းချုပ်မှု အောက် ရောက်ရှိ စောင့်ကြည့်ခံနေရကြောင်း သိရှိရသည်။

စစ်တပ်က ပိတ်ပင်ထားသော Website ၁၅၀၀ ခန့်မှာလည်း ဆက်လက် ပိတ်ပင် ခံထားရဆဲဖြစ်ကြောင်း၊ ပြည်သူအများစုမှာ VPN ခေါ် ကျော်လွှားရ သည့် နည်းပညာများအသုံးပြုနေရကြောင်း၊ အွန်လိုင်းတွင် စစ်တပ်ဆန့် ကျင်ရေး ရေးသားသည့် အင်တာနက်အသုံးပြုသူ အများအပြားသည် ၎င်းတို့၏ အွန်လိုင်းလှုပ်ရှားမှုများအတွက် စစ်ခုံရုံးများက ဖမ်းဆီး နှစ်ရှည်ထောင် ဒဏ်များ ချမှတ်ခဲ့သည့်အပြင် တချို့ အမှုများတွင် သေဒဏ်ပေးမှုများ ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article