25 C
Yangon

ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီး

Must read

ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာ များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးဒဏ်ရာ ရပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန် ထားသည်။

အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်တွင် ကော့ကရိတ်မြို့ အခြေ စိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးများဖြင် အံဖကြီးကျေးရွာကို ၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အံဖကြီးကျေးရွာ နေ မှ အသက် ၅၆ နှစ်အရွယ် ဒေါ်မယ်တင်အေး၏ နေအိမ်ကို ထိမှန်ခဲ့ပြီး ဒေါ်မယ်တင်အေးလည်း ဝမ်းဗိုက်ကို ကျည်ဆထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ထို့ပြင် အံဖကြီးကျေးရွာအတွင်းရှိ မောင်မြအေး နှင့် မောင်သိန်း တင်တို့ နေအိမ်များလည်း လက်နက်ကြီး ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၃၂ တပ်ရင်းက အောက်တိုဘာလ ၂ ရက်နေ့ ည ၁ဝ နာရီ ၃၀ မိနစ်တွင် ကြာအင်း ဆိပ် ကြီးမြို့ အမှတ် ၁ ရပ်ကွက် ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အောင် တေဇ လမ်းကို ကျရောက် ပေါက်ကွဲကာ ပြည်သူပိုင် နေအိမ် ၂ လုံး ထိမှန် ပျက်စီးစေခဲ့ပြီး အိမ်မွေး တိရိစ္ဆာန် ခွေး ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ် စက်ခြင်း၊ ပြည်သူနေအိမ်များအား ဝင်ရောက် မွှေနှောက် ဖျက်ဆီးပြီး ပစ္စည်း များ ကို ယူဆောင်သွားခြင်း နှင့် ပြည်သူနေ ကျေးရွာများသို့ လက်နက် ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း သော်လည်းကောင်း၊ ရမ်းသမ်း ပစ်ခတ်ခြင်း သော်လည်းကောင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်မှုများ ကို နေ့စဥ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article