25 C
Yangon

ဘားအံတွင် BGFနှင့် စစ်တပ် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဘားအံတွင် BGFနှင့် စစ်တပ် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် အမှတ် ၁၀၁၄ BGF စခန်းနှင့် စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံး၂၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ကြပ် ကြီး တစ်ဦးအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု- သထုံခရိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သထုံခရိုင်၊ တပ်မဟာ ၁ ၊ ဘားအံမြို့နယ်၊ တပ်ရင်း ၁ နယ်မြေ၊ ညောင်ကုန်း ကျေးရွာအတွင်း တပ်စွဲထား သည့် အမှတ် ၁၀၁၄ BGF ညောင်ကုန်း စခန်းနှင့် ပူးပေါင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စခန်းကုန်း ကို ဒရုန်းစစ်ဆင် ရေးအ ဖြစ် ၆၀ မမ ဗုံးသီး ၂၆ လုံး၊ ၈၁ မမ ဗုံးသီး ၂ လုံး စုစုပေါင်း ၂၈ လုံးကို ၇ ကြိမ် တိတိစစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ကျော်မြင့်ဦးနှင့် BGF တပ်သားတစ်ဦးတို့သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ဆင်ရေးလုပ်တဲ့အခေါက်တိုင်း ၆၀ မမ၊ ငါးကြင်းမြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ပါတယ်၊ စစ် ခွေး တွေဘက်က အများဆုံးပစ်တဲ့နေ့က စက်တင် ဘာလ ၂၆ ရက်နေ့မှာ အများဆုံးပစ်ပါတယ်၊ ၆၀ မမ နဲ့ ၄ ကြိမ်လောက် ပစ်ပြီး တဲ့နောက် ငါကြင်းမြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်လောက်ကြာအောင် ပစ်ပါ တယ်၊ ပြီးတော့ ကောင်တာ ဒရုန်းတွေလည်း တက်ပါတယ်၊ စစ်ဆင်ရေးအတွင်း ရဲဘော်တွေအားလုံး ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု- သထုံခရိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်း၏တပ်ဖွဲ့ဝင် UNITED DEMOCRATIC FORCE – UDF တပ်ဖွဲ့ မှ ဦးဆောင်၍ တပ်မဟာ ၁ Fedreal Wing Drone တပ်ဖွဲ့နှင့် KNLA ပူးပေါင်း တပ်ဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော စစ်စခန်းများသည် ခရီးသွား ပြည်သူ များကို ခြိမ်းခြောက်ငွေကြေး ကောက်ခံခြင်း နှင့် ဘားအံမြို့နယ် အတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်နေသော စခန်း များ ဖြစ်ကြောင်း၊ စစ်တပ်နှင့် BGF တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက် ခဲယမ်း များနှင့်အတူ အလင်းဝင်မည် ဆိုပါက UNITED DEMOCRATIC FORCE – UDF က ဆုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ် ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article