25 C
Yangon

ဘုတလင်တွင် စစ်တပ်နှင့် FRF အဖွဲ့တို့ ၁လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

Must read

ဘုတလင်တွင် စစ်တပ်နှင့် FRF အဖွဲ့တို့ ၁လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်နှင့် Freedom Revolution Force တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့်သေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Freedorm Revolution Force (FRF) မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဘုတလင်မြို့ မြန်မာ့စီးပွားရေးဘဏ်အစောင့်ဂိတ်ကို စက်တင်ဘာ ၇ ရက်နေ့တွင် FRF အဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BA 94 တစ်လက်ရရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၆ ရက်နေ့တွင်လည်း ဘုတလင်မြို့အဝင် လွှဲတဲဘက်မှ ဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း FRF အဖွဲ့ထံမှ သိရှိရသည်။

ထို့ပြင် စက်တင်ဘာ ၁၆ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်ကို FRF အဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ ၁ ဦးပါ ကျဆုံးခဲ့ကြောင်း Freedorm Revolution Force (FRF) မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“၁၆ ရက် စက်တင်ဘာမှာပါ။ ဘုတလင်မြို့အဝင် လွှဲတဲဘက်က ဂိတ်ကို ဝင်ပစ်တာပါ။ တိုက်ပွဲချိန် မိနစ် ၄၀ လောက်ကြာခဲ့ပါတယ်။ အရာရှိကျတာက အဲဒီပွဲပါ။ G3 တစ်လက် , 79 တစ်လက်ရပါတယ်။ အရာရှိဖုန်းလည်း ရခဲဲ့ပါတယ်။ အရာရှိက ရဲအုပ်အဆင့်ပါ။ ဘုတလင်တိုက်ပွဲဖြစ်တဲ့နေ့တွေမှာ စစ်တပ်က ၁၀ ဦးသေတာပါ” ဟု Freedorm Revolution Force (FRF) မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article