သံဖြူဇရပ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ပိတ်ဆို့ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းထံမှ သိရသည်။
စက်တင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၂၃ မိနစ်က ကြာအင်း ဆိပ်ကြီး မြို့နယ်၊ အနန်းကွင်း ကျေး ရွာရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း တပ်စခန်းမှ တပ်ချိန်း ပြီး ပြန်ဆုတ်လာသော အင်အား ၇၀ ခန့်ပါ အ ကြမ်းဖက် စစ်ကြောင်း ကို သံဖြူဇရပ်မြို့နယ်၊ ဇီးနှစ်ပင်ကျေးရွာထိပ်၌ ပထမအကြိမ် ပိတ်ဆို့ ဖြတ် တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၁ နာရီ ၄၄ မိနစ်တွင် ဇီးနှစ်ပင် ကျေးရွာနှင့် ရဲတံခွန် ကျေးရွာအကြားအရောက် ဒုတိယအကြိမ် ပိတ်ဆို့ ဖြတ် တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက် ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်း တပ်ခွဲ ၁ နှင့် KNLA ပူးပေါင်း တပ် ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ပြောဆိုထားသည်။