Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ ၊ ဒေးစွန်ပါသာသနာ့နယ်မြေမှာ PDF တွေ ဝင်ရောက်ခို အောင်းနေတယ်ဆိုတဲ့အကြေင်းပြချက်နဲ့ သန်လျင် ခလရ ၉၀ မှ ဗိုလ်ကြီးသန့်ဇင်ဦး ဦးဆောင်တဲ့ အဖွဲ့က ဘုရား၊ စေတီနဲ့ သာသနိကအဆောက်အအုံတွေကို ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
– ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၁၅ က ထုတ်ပြန်ထားပါတယ်။
– မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဘဏ်ကနေငွေထုတ်ပြီးပြန်လာတဲ့အမျိုးသမီးတစ်ဦးဆီကနေ စစ်သားတွေက ငွေကျပ် ၁၀ သိန်း ဓားပြတိုက်ယူဆောင်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။