27 C
Yangon

မြောင်မြို့နယ်ရဲစခန်းကို ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး

Must read

မြောင်မြို့နယ်ရဲစခန်းကို ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ် ပေါင်း စုက အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်း ဗုံးသီးလက်နက်ဖြင့် ပစ်ခတ် ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Sintkaing Revolution Force -SRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ ည ၇ နာရီ ၂၃ မိနစ်အချိန် စစ်ကောင်စီတပ်များ အထိုင်စခန်းချထားသော မြောင်မြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး မဟာ မိတ်များစုပေါင်း၍ ဗုံးသီး ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ် မှု ကြောင့် စစ်သား ၃ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိ ကြောင်း သိရှိရသည်။

” ပတိန်သီး ၄ လုံးနဲ့ ပစ်ခတ် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ စစ်ခွေး ၃ကောင်နေရာ မှာ ဘဝပြောင်းခဲ့ပြီး ၄ ကောင်ဒဏ်ရာ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်” ဟု Sintkaing Revolution Force -SRFမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆို သည်။

မြောင်မြို့နယ် ရဲစခန်းကို တိုက်ခိုက်မှုတွင် Sintkaing Revolution Force -SRF၊ စဥ့်ကိုင်ပကဖ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၊ မြောင်မြို့ မတိုက်နယ်ပကဖ၊ မြောင်မြို့နယ် ပလဖ၊ One PDF၊ ရန်ရှင်းဒေသကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Sintkaing Revolution Force -SRFအနေဖြင့် စစ်တပ်စခန်းသိမ်းတိုက်ပွဲများ နှင့် စစ်အာဏာရှင် တော် လှန်ရေး တိုက်ပွဲများ ဆက်လက် ဆင်နွှဲလျက်ရှိပြီး ပြည်သူများအနေဖြင့် ရိက္ခာနှင့် ကျည်ဆန်များ လှူဒါန်းပေးကြရန် အဆိုပါ အဖွဲ့က မေတ္တာရပ်ခံသည်။

“ကျနော်တို့အဖွဲ့ မြို့ပြမှာ ပွဲကဖို့အတွက် ကျည်နဲ့လက်နက်ခဲယမ်းလိုနေလို့ပါ။ စခန်းသိမ်းပွဲတွေဆင်နွဲဖို့ပါ။ ကျည်တစ်တောင့် ၁သောင်းကျပ်ပါ။ ကျည် လုံ လောက် မှုမရှိလို့ပါ။ ကျည်နဲ့လက်နက်ခဲယမ်းလိုနေလို့ပါ။ ပွဲဆက်ကဖို့ကျည် နဲ့ ရိက္ခာ အခက်အခဲဖြစ်နေလို့ ပြည်သူတွေ ကူညီကြပါဦးခင်ဗျာ” ဟု Sintkaing Revolution Force -SRF တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ- မြောင်မြို့နယ် ရဲစခန်းကို ယခင်နှစ်က ၄၀ မမ လက်နက်ဖြင့် ပစ်ခတ် တိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article