Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ပြင်ဦးလွင်၊ တပ်မတော် နည်းပညာတက္ကသိုလ် အနီးက မြေဧက ၃၀၀ ဝန်းကျင်ကို အကွက် ပေါင်း ၇၇၀ ဖော်ထုတ်ပြီး ကနဦး အမေရိကန်ဒေါ်လာ ၁၈ သန်း ကျော်ဖိုးကို NUG ကနေ အောက်တိုဘာလ ၇ ရက်နေ့ မှာ စတင် ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
– ဂျပန်နိုင်ငံကို အလုပ်အကိုင်နဲ့ ပို့ပေးမယ်လို့ပြောပြီး ကြံ့ဖွတ်ပါတီ နဲ့ ဆက်နွယ်နေတဲ့ လူငယ်တချို့ ကို စစ်တပ်ထဲ လိမ်လည် ခေါ်သွင်းမှုတွေ ဖြစ်ပွားနေတယ်လို့ ကာယကံရှင် မိဘဆွေမျိုးတွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး အင်အားစု တွေကနေ ၂ ကြိမ် ပိတ်ဆို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
