25 C
Yangon

ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာနှင့် လက်ပံဖြူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာနှင့် လက်ပံဖြူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာနှင့် လက်ပံဖြူကျေးရွာကို စစ်တပ် က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပဲခူးတိုင်း၊ရေတာရှည် မြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက် နဂျပ်ကျေးရွာနှင့် လက်ပံဖြူကျေးရွာကို Mi35 ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် မသိရသေးကြောင်း သိရှိရသည်။

” နေ့လည်၁၂လောက်မှာ နဂျပ်ရွာနဲ့ လက်ပံဖြူရွာကို ရဟတ်ယာဉ်နှစ်စီးနဲ့ လာကျဲ တာပါ။ မိနစ်ပိုင်းလောက်ကမှ ပြန်သွားတယ်။ အထိအခိုက် မသိရ သေးပါ။ တိုက်ပွဲဖြစ်ပွားတော့မရှိဘူး။ အဲဒီဘက်တွေက တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေနဲ့ နီးစပ်တဲ့ဒေသတွေပါ။ ပြည်သူတွေတော့ အကုန်ထွက် ပြေးနေရ တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တောင်းမြစ်အရှေ့ဘက်တွင် KNLA နှင့် PDF များက စိုးမိုးထားပြီး တိုက်ပွဲ များ မကြာခဏ ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း၊ အထူးသဖြင့် စစ်ကောင်စီ တပ်များက စစ်တောင်းမြစ်အရှေ့ဘက် ဒေသများသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ လေကြောင်းတိုက်ခိုက်မှုကိုသာ အဓိက လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article