25 C
Yangon

PDF တပ်ဖွဲ့ဝင်များကို စစ်သည်တော်ကျင့်ဝတ်၊ စည်းကမ်း၊ ဂျနီဗာကွန်ဗန်းရှင်းဥပဒေတို့ကို သင်ကြား ပို့ချ

Must read

PDF တပ်ဖွဲ့ဝင်များကို စစ်သည်တော်ကျင့်ဝတ်၊ စည်းကမ်း၊ ဂျနီဗာကွန်ဗန်းရှင်းဥပဒေတို့ကို သင်ကြား ပို့ချ

ရန်ကုန်၊ အောက်တိုဘာ ၆

နေပြည်တော်စစ်ဒေသခွဲ၊ တပ်ရင်း အမှတ် ၈၀၅ ရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်၊ စည်းကမ်း၊ ဂျနီဗာကွန်ဗန်းရှင်း ဥပဒေတို့ကို သင်ကြားပို့ချခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

အောက်တိုဘာလ ၃ ရက်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေပြည်တော်စစ်ဒေသခွဲ၊ ပြည်သူလူထု လုံခြုံရေးဌာနမှ ဦးစီးကာ PDF ရဲဘော်များ၊ စစ်သည်တော်များ၊ စစ်မှုထမ်းများလိုက်နာကျင့်ကြံရမည့် COC – Code of Conduct ၊ Soldier’s rules စစ်သည်တော်ကျင့်ဝတ်များ စစ်မှုထမ်းများ ယေဘူယျ လိုက်နာရမည့် စစ်စည်းကမ်းများ၊ စစ်သည်တော်များ သိရှိလိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေ များဖြစ်သည့် IHL – International Humanitarian Law (အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေ) ၊ Geneva Conventions ( ဂျနီဗာကွန်ဗန်းရှင်း) တို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ နေပြည်တော်စစ်ဒေသခွဲ တပ်ရင်းအမှတ် ၈၀၅ မှ ရဲဘော် ၂၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားရဲဘော်များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခြင်း ၊ ကော်ဖီအအေးနှင့် မုန့်များ ကျွေး မွေး ဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)၊ ကာကွယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article