25 C
Yangon

ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ ကတုတ်ကျင်းတူနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ ကတုတ်ကျင်းတူနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ က တုတ် ကျင်းတူနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ABSDF Column – 3 စစ်ကြောင်းထံမှ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီ ခန့်တွင် အချိန်တွင် တောင်ခင်ရန်း ကျေးရွာရှိ ရဲစခန်းအနီး တော်လှန်ရေး တပ်ဖွဲ့များ ကင်းပုန်းဝတ်နေစဥ် ကတုတ်ကျင်းတူးနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“တောင်ခင်ရန်း ရဲစခန်းမှာ ခံစစ်ပြင်တဲ့အနေအထားပါဗျ၊ အဲဒါကို ကျနော်တို့ ချောင်းမြောင်းပစ်ခတ် ခဲ့တာပါ၊ ၃၀၆ ရိုင်ဖယ်နဲ့ ပစ်ခဲ့တာ၊ သူတို့လူထိသွားတာနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ် ခတ်ခဲ့ပါတယ်၊ အချိန်အတိုင်းအတာ ၁၅ မိနစ်လောက်အထိရှိပါတယ်၊ ကျနော်တို့ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု ABSDF Column – 3 တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော ရဲ အလောင်းကို တောင်ခင်ရန်း ရဲစခန်းအတွင်း သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ABSDF အမှတ် ၁၂ တပ်ရင်း ယောဒေသ ၊ ဂန့်ဂေါခရိုင် PDF တပ်ရင်းများ ၊ ပ.က.ဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article