25 C
Yangon

မုံရွာမြို့နယ်၊ သပြေတောရွာကို သန်းခေါင်စာရင်း ကောက်ရန်လာသည့် စစ်​ကြောင်းကို တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ သပြေတောရွာကို သန်းခေါင်စာရင်း ကောက်ရန်လာသည့် စစ်​ကြောင်းကို တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သပြေတောရွာကို သန်းခေါင်စာရင်း ကောက်ရန်လာသည့် အကြမ်းဖက် စစ်တပ် စစ်​ကြောင်းကို တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Ba Thu Kyawal Column အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် ကပ်လျက်ရှိသော သပြေတောရွာကို သန်းခေါင်စာရင်း ကောက်ရန်လာသည့် အင်အား ၆ဝ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” လတ်တလော သိရတာက ရဲ ၁ ကောင် သေတယ်လို့သိရပါတယ်။ စစ်ခွေးတွေ သန်းခေါင်စာရင်း ကောက်ဖို့ ထပ်ကြိုးစားရင် အလားတူ တိုက်ခိုက်မှု ထပ်လုပ်ပါ့မယ်” ဟု Ba Thu Kyawal Column အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း၊ N.W.P.D.F ၏ Ba Thu Kyawal Column ၊Anonymous Hero (LPDF) ၊ ယုန်မင်း (LPDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article