26 C
Yangon

ကန့်ဘလူရှိ ဇီးကုန်းမြို့အဝင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ရွှေကျင်ရှိ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကန့်ဘလူရှိ ဇီးကုန်းမြို့အဝင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ရွှေကျင်ရှိ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အဝင်လမ်းဆုံဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ထံမှ သိရသည်။

အောက်တိုဘာလ ၅ ရက် ညနေ ၂ နာရီခွဲခန့်က ဇီးကုန်းမြို့လမ်းဆုံ ဦးပိုင်နှင့် တပ်မတော်သကြားစက်ရုံ အနီးရှိ မြို့အဝင်စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – ပကဖ တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PDF ၃၇၀၂ – တပ်ခွဲ ၄ က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၂၆ မိနစ်တွင် ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၈ တပ်ရင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ RPG-5 ၁ လုံး တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article