25 C
Yangon

မန္တလေး၊ အောင်မြေသာစံရပ်ကွက်ရုံးရှေ့တွင် စျေးဝယ်ပြန်လာသည့် တပ်ကြပ် ကြီး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးဖွယ်ရှိ

Must read

မန္တလေး၊ အောင်မြေသာစံရပ်ကွက်ရုံးရှေ့တွင် စျေးဝယ်ပြန်လာသည့် တပ်ကြပ် ကြီး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးဖွယ်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၇

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်ရုံးရှေ့တွင် အကြမ်း ဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး ဖွယ်ရှိ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း၈၆×၈၇ အကြား အောင်မြေသာစံရပ်ကွက် ရုံးရှေ့တွင် ဈေးဝယ် ပြန်လာသော စစ်တပ်ဘက်မှ တပ်ကြပ်ကြီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခံ ရကြောင်း၊ ပစ်ခတ်ခံရသော တပ်ကြပ်ကြီးသည် ဦးခေါင်းမှ သွေးများ ပန်းထွက် လာပြီး လဲကျသွားချိန်တွင် ကတ္တရာလမ်းနှင့် ဦးခေါင်း ထပ်မံ ရိုက်မိ ကြောင်း၊ အဆိုပါ တပ်ကြပ်ကြီးမှာ ပစ်ခတ်ခံရချိန်ကတည်းက သတိမလည် တော့ကြောင်း သိရှိရသည်။

“စစ်ခွေးကတော့ သေနတ်နဲ့ ၂ ချက် အပစ်ခံရတာ။ ထိတာကလည်း ခေါင်းကို ထိတာ။ လဲကျသွားပြီးတော့ ကတ္တရာလမ်းနဲ့ ခေါင်းနဲ့ ရိုက်သေးတယ်။ အဲဒီကတည်းက သတိပြန်မလည်တော့ဘူး။ အသက်တော့ ရှုနေသေးတယ်။ သေဖို့များပါတယ်။ သေမှာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် စစ်တပ်က အောင်မြေသာစံမြို့နယ်အတွင်းရှိ လမ်းဆုံ လမ်းခွများကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း၊ ဆိုင်ကယ်များကို အထူးဂရုစိုက် စစ်ဆေးနေပြီး ပစ်ခတ်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

“ပစ်သွားတာက ဆိုင်ကယ်နဲ့။ အဲဒါ ပစ်သွားတဲ့ ဆိုင်ကယ်ကို ဖမ်းနိုင်ဖို့ လိုက်စစ်တယ်ပြောတယ်။ အနားက CCTV တွေလည်း လိုက်တောင်းတယ်။ ရ၊ မရတော့မသိဘူး။ လမ်းတွေအားလုံးပိတ်ပြီး စစ်တယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article