25 C
Yangon

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ် လက်အောက်ခံ ကမ်းခြေစောင့်တပ်ဖွဲ့ ၂ နှစ်ပြည့် အခမ်းအနား မတက်ရဘဲ ပျောက်ဆုံးနေ၊ ရေချုပ်ဟောင်းနှင့် စစ်ဦးစီးချုပ်(ရေ) တို့သာ တက်ရောက်

Must read

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ် လက်အောက်ခံ ကမ်းခြေစောင့်တပ်ဖွဲ့ ၂ နှစ်ပြည့် အခမ်းအနား မတက်ရဘဲ ပျောက်ဆုံးနေ၊ ရေချုပ်ဟောင်းနှင့် စစ်ဦးစီးချုပ်(ရေ) တို့သာ တက်ရောက်

ရန်ကုန်၊ အောက်တိုဘာ ၈

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ် ကြီး မိုးအောင်သည် ရေတပ် လက်အောက်ခံ ကမ်းခြေစောင့်တပ်ဖွဲ့၏ ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၆ ရက်နေ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ၂ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တွင် ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) (ရေချုပ်ဟောင်း) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၊ စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အပါအဝင် စစ်တပ် ထိပ်တန်း ဗိုလ်ချုပ် အများအပြား တက်ရောက် ခဲ့ကြကြောင်း၊ ကမ်းခြေစောင့် တပ်ဖွဲ့သည် ရေတပ်လက်အောက်တွင် ရှိနေပြီး ၂ နှစ်ပြည့် အခမ်းအနား သည် ရေတပ်အတွက် အရေးကြီးသော အခမ်း အနားတစ်ခုဖြစ်ကြောင်း၊ ထိုအခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် မတက်ရောက်ခြင်းမှာ ထူးခြားနေကြောင်း စစ်ဘက် သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

“ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို ရာထူးကနေ ဖယ်ရှား မယ်ဆိုတဲ့ သတင်းက ဩဂုတ်လ တုန်းကလည်း ထွက်ခဲ့တယ်။ အဲဒီနောက်မှာ တပ်ချုပ် ခရီးစဉ်တွေ နောက်မှာ သူ ပြန်ပေါ်လာတယ်။ ဒါပေမယ့် မျက်နှာက သိပ်မသာမယာနဲ့ ပေါ်လာတာ။ အခု တစ်ခါ ဗိုလ်ချုပ်‌ကြီး မိုးအောင် ပျောက် သွားတယ်။ အောက်တိုဘာလ ၆ ရက်နေ့ ကမ်းခြေစောင့်တပ်ဖွဲ့ ၂ နှစ်ပြည့် ဆိုတာ ရေတပ်အတွက်လည်း ထူးခြားတဲ့ အရေးကြီးတဲ့ အခမ်းအနားပွဲတစ်ခုပါ။ အဲဒီမှာ ဗိုလ်ချုပ်ကြီး မိုးအောင် ပါမလာတာက တပ်ထဲမယ်တော့ ရာထူး ရှိသေးရဲ့လားဆိုပြီး မေးခွန်းထုတ်တာတွေရှိတယ်။ ထူးခြားတာက ဗိုလ်ချုပ်ကြီး မိုးအောင် ရဲ့ နေရာကို ဆက်ခံမယ်လို့ သတင်းထွက်တဲ့ စစ်ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အခမ်းအနား တက်လာတာပါပဲ။ ဗိုလ်ချုပ်ကြီး မိုးအောင်ကို စီးပွားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အရေးယူနိုင်တာမျိုး တွေရှိ မယ်လို့ စီးပွားရေးလောကထဲမှာလည်း သတင်းတွေထွက်နေတယ်။ စောင့် ကြည့် ရမယ်” ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရန်ကုန်သို့ ရောက်ရှိနေသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ ခရီးစဉ်များတွင်လည်း ဗိုလ်ချုပ်ကြီး မိုးအောင် ပါမလာတော့ဘဲ ပျောက်ဆုံးနေကြောင်း၊ ပုံမှန်အားဖြင့် မင်းအောင်လှိုင်၏ ခရီးစဉ်တိုင်းတွင် ဗိုလ်ချုပ်ကြီး မိုးအောင် ပါလာလေ့ရှိကြောင်း တပ်ဘက်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အပေါင်း အပါများကို ဒေါ်လာစျေးတက်စေမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် အရေး ယူခဲ့ရာတွင် ပုဂ္ဂလိဘဏ်တချို့ကိုလည်း ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ယင်းတို့ထဲ တွင် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဆက်နွယ်နေသော အမရာဘဏ် UAB ဘဏ်မှ ပိုင်ရှင်နှင့်တာဝန်ရှိသူတချို့ကို စစ်တပ်က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ၊ ယင်း သတင်း ကြောင့် ဗိုလ်ချုပ်‌ကြီး မိုးအောင်ကို ရာထူးမှ ဖယ်ရှားဖွယ် ရှိသည် ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီး မိုးအောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ လူယုံ စက်မှု ဝန်ကြီးဟောင်း အောင်သောင်း၏ သားဖြစ်ကာ စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်းဖြစ်ကြောင်း၊ ၂၀၂၁ တွင် ဗိုလ်ချုပ်ကြီး မိုးအောင် သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး မိုးအောင်တွင် နေအောင်၊ ပြည်အောင်၊ ခင်ငုရည်ဖြိုး ဆိုသော ညီအစ်ကို မောင်နှမ ၃ ဦးရှိပြီး ၎င်းတို့သည် ယူနိုက်တက် အမရာဘဏ်ခေါ် UAB ဘဏ်ကို ပိုင်ဆိုင် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article