25 C
Yangon

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရုပ်ရှင် The Way ဇတ်ကား ပြသ၊ ပြည်သူ ၄၀၀ ကျော် တက်ရောက်

Must read

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရုပ်ရှင် The Way ဇတ်ကား ပြသ၊ ပြည်သူ ၄၀၀ ကျော် တက်ရောက်

ရန်ကုန်၊ အောက်တိုဘာ ၈

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရုပ်ရှင် The Way ဇတ်ကား ပြသပြီး ပြည်သူ ၄၀၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။

အဆိုတော်ဒါရိုက်တာ ကိုလင်းလင်း ရိုက်ကူးထားသော THE WAY ရုပ်ရှင်ဇတ် ကားကို Helping Hands for Burma (H2B) အဖွဲ့ က ဦးစီးပြီး နယူးယောက် မြို့ လယ်ခေါင် Manhattan ရပ်ကွက်တွင် အောက်တိုဘာ ၇ ရက်နေ့ စနေနေ့ ၁ နာရီ နဲ့ ၃ နာရီ ပွဲစဉ် ၂ ကြိမ်ခွဲပြီး ပြသသွားကြောင်း၊ Tha Way အမှတ်တရ ပစ္စည်းများ (t-shirt, toe bag, ရုပ်ရှင်သီချင်းပါသော USB stick, နဲ့ key chain) ရောင်းချနိုင်ခဲ့ပြီး မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုမောင်နှမ ၄၀၀ ကျော် ရုံပြည့်ရုံလျှံ ကြည့်ရှု့အားပေးကြကြောင်း၊ မြန်မာအစားအစာများကိုလည်း ရောင်းချခဲ့ကြောင်း သိရှိရသည်။

ရုပ်ရှင်ပြပွဲ အခမ်းအနားသို့ ဒါရိုက်တာလင်းလင်း၊ ရုပ်ရှင် သရုပ်ဆောင် ချစ်သုဝေ၊ The Way သရုပ်ဆောင်များ ဖြစ်ကြသော ရဲဟိန်း၊ Daniel Saw၊ Daniel Aung၊ မြတ်မင်းခန့်၊ Russel Htet၊ မြတ်နိုးအေး တို့က zoom မှတဆင့် ပရိတ်သတ် များနှင့် တရင်းတနှီး စကားပြောကြားခဲ့ကြောင်း၊ The Way အမှတ်တရ ပစ္စည်းများကို လေလံရောင်းချနိုင်ခဲ့ကြောင်း၊ ရရှိသော ရန်ပုံငွေ အားလုံးကို မြန်မာပြည်​၏ လိုအပ်သော နေရာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article