25 C
Yangon

မတ္တရာရှိ သုံးဆယ်ပေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး မေမြို့ စစ်ဆေးရုံ၌ ကုသနေရ

Must read

မတ္တရာရှိ သုံးဆယ်ပေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး မေမြို့ စစ်ဆေးရုံ၌ ကုသနေရ

ရန်ကုန်၊ အောက်တိုဘာ ၈

မန္တလေး၊ မတ္တရာမြို့နယ်ရှိ သုံးဆယ်ပေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး ထိခိုက် ဒဏ်ရာရပြီး မေမြို့ စစ်ဆေးရုံ၌ ကုသနေရကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်၊ သုံးဆယ်ပေး ကျေးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်သားများ စုဝေးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း PDF တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဟိန်းထက်နောင်လည်း ပါဝင်ကြောင်း သိရသည်။

” မတ္တရာမြို့နယ် သုံးဆယ်ပေးရွာမှာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ တပ်ရင်းမှူးအဆင့် ဒုဗိုလ်မှူးကြီး ဟိန်းထက်နောင် မျက်နှာ ၊ လက် ၊ ခြေထောက် နှစ်ချောင်း ဒဏ်ရာရပြီး မေမြို့ စစ်ဆေးရုံ မှာ ဆေးကုနေရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ – Eagle Guerilla Force – ဗိုလ်ကောက်ရိုးအဖွဲ့၊ ကျောက် ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ Lightning Drone Force ၊ ကောင်းကင်တော်လှန်ရေး အင် အားစု ၊ မတ္တရာမြို့နယ် ပကဖ နှင့် ပုသိမ်ကြီး မြို့နယ် ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article