25 C
Yangon

ကွက်ခိုင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ TNLA နှင့် SSPP တို့ အကြား တွေ့ဆုံဆွေးနွေးပြီး သင်ပုန်းချေ၊ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မည်

Must read

ကွက်ခိုင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ TNLA နှင့် SSPP တို့ အကြား တွေ့ဆုံဆွေးနွေးပြီး သင်ပုန်းချေ၊ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မည်

ရန်ကုန်၊ အောက်တိုဘာ ၈

ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသ၌ ဖြစ်ခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ TNLA နှင့် SSPP တို့ အကြား တွေ့ဆုံ ဆွေးနွေးပြီး သင်ခန်းစာယူကာ သင်ပုန်းချေပြီး တော်လှန်ရေး အမြန်ဆုံး အောင်မြင် စေရန် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ကွက်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသ၌ ရှမ်းပြည်တိုးတက်ရေးတပ်မတော် (SSA) နှင့် တအာင်းပလောင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် SSPP နှင့် PSLF နှစ်ဖက်ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်ကာ ညှိနှိုင်းဖြေရှင်းခဲ့ပြီး အချင်းချင်း နားလည်မှုလွဲမှား ခြင်းကြောင့် မဟာမိတ်အဖွဲ့အစည်းအကြား မိတ်ဖက် ပဋိပက္ခသာဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို အပြန်အလှန် သင်ပုန်းချေပြီး နောက်နောင်ထပ်မံ မဖြစ်ပွားစေရန်အတွက် သင်ခန်းစာယူနိုင်ရန် ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။

မဟာမိတ် အဖွဲ့အစည်းနှစ်ဖွဲ့ အကြား သဘောတူထားသည့် နိုင်ငံရေး၊ စစ်ရေး သဘောတူညီချက်များကို အပြန်အလှန်စောင့်ထိန်းကြပြီး အမျိုးသားလွတ်မြောက်ရေး ၊ တော်လှန်ရေးလုပ်ငန်းများ အမြန်အောင် မြင်နိုင်ရန် အတွက် နှစ်ဖက်အဖွဲ့အစည်းအကြား အဆင့်ဆင့်သော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် ပြဿနာပေါ်ပေါက်လာပါက မဟာမိတ်အဖွဲ့အစည်းအချင်းချင်း အကောင်းဆုံးတွေ့ဆုံညှိနှိုင်းဖြေရှင်း ကြရန်၊ ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဖော်ဆောင်ကြရန် သဘောတူဆုံးဖြတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article