26 C
Yangon

ပုဏ္ဏားကျွန်းတွင် မြေကြီးထဲ မြုပ်နေသော လက်နက်ကြီးကျည် ပေါက်ကွဲ၍ စစ်ဘေးရှောင် ၁ ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာ ပြင်းထန်

Must read

ပုဏ္ဏားကျွန်းတွင် မြေကြီးထဲ မြုပ်နေသော လက်နက်ကြီးကျည် ပေါက်ကွဲ၍ စစ်ဘေးရှောင် ၁ ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်| အောက်တိုဘာ ၉

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်တိုက်နယ်ကျေးရွာ အနီးရှိ မီးရထား ဘူတာရုံတွင် ယမန်နေ့ အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီခန့်အချိန် မြေမြှုပ် နေသော လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်ပွား၍ ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသော ကလေးငယ် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် အသက်အန္တ ရာယ် စိုးရိမ်ရသော ကလေးငယ်တစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း ယိုးတရုတ်ကျေးရွာရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ နံနက် ၁၀ နာရီလောက်က ဘူတာရုံနားမှာ ပေါက်ကွဲမှုဖြစ်တာ။ ကလေး တွေ က ဆော့နေကြတာမှာ မြေတပိုင်းမြှုပ်နေတဲ့ လက်နက်ကြီးကျည် ထင် တယ်။ ကလေးတစ်ယောက်က အဲဒါကို ထုခွဲလိုက်လို့ ပေါက်ကွဲမှုဖြစ်သွားတာ။ ကလေးသုံးယောက် ထိခိုက်သွားတယ်။ အဲဒီအထဲက တစ်ယောက်က ပွဲချင်းပြီး သေပြီးတော့ နှစ်ယောက်က ယိုးတရုတ်ဆေးရုံရောက်မှာ။ ကလေးတွေရဲ့ နာမည်တွေကို မသိရသေးဘူး” ဟု ပြောသည်။

ကလေးငယ် ၃ ဦးမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ပါဝင်ပြီး အသက် ၆ နှစ်အရွယ် ကလေး ငယ်တစ်ဦးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်သည့် ကလေးငယ်မှာ အသက် အရွယ်ကို မသိရသေးသော်လည်း ယိုးတရုတ်ဆေးရုံတွင် ကလေးငယ် တစ်ဦးက ဆေးကုသမှုကို ခံယူနေကြောင်း ယိုးတရုတ်ဆေးရုံမှ ဝန်ထမ်း တစ်ဦးက ပြောသည်။

“ကလေး ၃ ယောက်မှာ တစ်ယောက်က ပွဲချင်းပြီး သေတယ်။ သေတဲ့ တစ် ယောက်နဲ့ ကလေးတစ်ယောက်က ကျနော်တို့ ယိုးတရုတ်ဆေးရုံမှာ။ နောက်တစ် ယောက်ကိုတော့ စစ်တွေဆေးရုံကို PDYO လူမှုရေး အသင်း အဖွဲ့ကားနဲ့ ပို့ဆောင်လိုက်ပါတယ်။ အသက်အတိအကျကိုတော့ ကျနော်တို့ လည်း မသိဘူး” ဟု ပြောသည်။

ပုဏ္ဏားမြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့ PDYO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါက်ကွဲမှု ဖြစ်စဉ်က မှန်ကန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် ကလေးငယ် တစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယိုးတရုတ်ဘူတာရုံတွင် ကျောက်တော်မြို့နယ်မှ အိုးအိမ်စွန့်ခွာ ထွက်ပြေး လာကြသော စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ခန့်နေထိုင်ကြပြီး ပေါက်ကွဲမှု ကြောင့် ထိခိုက်သွားသော ကလေးငယ်များမှာ စစ်ဘေးရှောင် ကလေးငယ် များဖြစ်သည်ဟု ယိုးတရုတ်ရုံးခွဲ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိ သူက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံအချို့ကြားတွင် သတင်းထွက်နေ သည်မှာ ယခင်စစ်ပွဲအတွင်း ကျန်ခဲ့သည့် လက်နက်ကြီးကျည်ကို ထုခွဲရာ ကြောင့် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

ယိုးတရုတ်ရုံးခွဲ ရွှေရောင်းမေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက “ဘူတာရုံဆိုတာ အရင်က မြန်မာစစ်သားတွေ စခန်းချတဲ့နေရာဖြစ်တယ်။ သူတို့ဆီက ကျန်ခဲ့တာဖြစ်နိုင်တယ်။ နောက်မှ စစ်ဘေးရှောင်တွေက စခန်းပြောင်းရွှေ့လာနေထိုင်ကြတာ။ ရက္ခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့ဝင်ကြောင့် တပ်တော်ရဲ့ လက်ပစ်ဗုံးကြောင့် ဆိုတာ မဟုတ်ဘူး။ မြေတပိုင်းမြှုပ်နေတဲ့ လက်နက်ကျည်ကို ကလေးတွေက ထုခွဲလို့ ပေါက်ကွဲသွားတာ” ဟု ပြောသည်။

သေဆုံးသွားသူတို့မှာ အသက် ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသား များဖြစ်သော မောင်နေလင်းဌေး၊ မောင်တင်မောင်စိုး တို့ဖြစ်ပြီး ခြေလက်တို့တွင် ဒဏ်ရာရရှိကာ ပုဏ္ဏားကျွန်းဆေးရုံ၌ သေဆုံးသွားခဲ့သည်။

ဒဏ်ရာရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်မျိုးလင်းနိုင်နှင့် မောင်မင်းထက်ကျော်၊ အသက် ၅၀ ကျော်အရွယ် ဦးအေးထွန်းလှ၊ အသက် ၃၀ အရွယ် ကိုအမောင်ချေ တို့ဖြစ်သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ မိုင်းပေါက်ကွဲမှုများ ကြောင့် မြောက်ဦး၊ ဘူးသီးတောင်၊ မင်းပြား၊ မောင်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့မှ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၉ ဦး အထိရှိခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article