29 C
Yangon

စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်း၍ ငွေရည်ပုလဲလုပ်ငန်းစုက ကျောက်မီးသွေး တူးဖော် ရေး၊ ဘိလပ်မြေစက်ရုံ ၊ ဓာတ်မြေဩဇာစက်ရုံအပါအဝင် သဘာ၀ ပတ်ဝန်း ကျင် ထိခိုက်စေသည့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်၊ ပြည်သူပိုင် မြေယာဧကရာနှင့်ချီ၍ သိမ်းဆည်း

Must read

စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်း၍ ငွေရည်ပုလဲလုပ်ငန်းစုက ကျောက်မီးသွေး တူးဖော် ရေး၊ ဘိလပ်မြေစက်ရုံ ၊ ဓာတ်မြေဩဇာစက်ရုံအပါအဝင် သဘာ၀ ပတ်ဝန်း ကျင် ထိခိုက်စေသည့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်၊ ပြည်သူပိုင် မြေယာဧကရာနှင့်ချီ၍ သိမ်းဆည်း

By ရန်ကုန်ခေတ်သစ်

စစ်ကောင်စီလက်ထက်တွင် ခရိုနီ လက်သစ် ဒေါက်တာ ကျော်ရှိန်ပိုင်ဆိုင်သော ငွေရည်ပုလဲလုပ်ငန်းစုက စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်း၍ ကျောက်မီးသွေး တူးဖော် ရေး၊ ဘိလပ်မြေစက်ရုံ ၊ ဓာတ်မြေဩဇာစက်ရုံအပါအဝင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်စေသည့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာပြီး ပြည်သူများ ပိုင် ဆိုင်သော မြေယာဧကရာနှင့်ချီ၍ သိမ်းဆည်းယူနေကြောင်း သိရှိရသည်။

ရှမ်းပြည် နောင်ချိုနှင့် ပြင်ဦးလွင်ကြားရှိ ဆင်းရွှေလီ သကြားစက်နှင့် ကြံစိုက် ပျိုး လုပ်ငန်းကို NLD အစိုးရက သဘာဝ ပတ်ဝန်းကျင်ထိခိုက်၍ စက်ရုံတစ်ခု လုံးကို ပိတ်သိမ်းခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းချိန်တွင် စက်ရုံကို ပြန်လည် ဖွင့်လှစ်လည်ပတ်နေသည်။

ဆင်းရွှေလီ သကြားစက်နှင့် ကြံစိုက်ပျိုးရေးလုပ်ငန်း၏ ပိုင်ရှင်မှာ မန္တလေးမှ ခရိုနီတစ်ဦးဖြစ်သူ ဒေါက်တာကျော်ရှိန် ဖြစ်ပြီး သူ၏ ငွေရည်ပုလဲလုပ်ငန်းစုက အဆိုပါ သကြားစက်နှင့် ကြံစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေခြင်ဖြစ်သည်။

ဒေါက်တာကျော်ရှိန်မှာ စစ်အာဏာသိမ်းချိန်တွင် စီးပွားရေးလုပ်ငန်များစွာ တိုးချဲ့လုပ်ကိုင်လာပြီး စစ်ဗိုလ်ချုပ်များ၏ အလိုကျ စစ်တပ်ဆန့်ကျင်သူများကို ဖမ်းဆီးမှုတွင်လည်း ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ စစ်တပ်ကို အခွန် ဆောင်၍ စစ်ဗိုလ်ချုပ်များကို ငွေကြေးထောက်ပံ့မှုများကိုလည်း လုပ်ဆောင် လာကြောင်း သိရှိရသည်။

“ စကစကို အခွန်ဆောင် လုပ်ငန်းအားလုံးလည်ပတ်တယ်။ သဘာဝပတ်ဝန်း ကျင်ချိုးဖောက်တယ်။ လုပ်သားခေါင်းပုံ ဖြတ်တယ်။ CDM တွေကို ဖမ်းခိုင်း တယ်။ မန္တလေးတိုင်းမှူးနဲ့ ဂေါက်ရိုက်ဖက်ပဲ။။ မန္တလေးတိုင်းထဲ လုပ် ချင် ရာ လုပ် တယ်။ မန္တလေးက တခြားဆေးရုံ တွေ CDM ကိစ္စနဲ့ တစ် သက်လုံး ပိတ်ပေမယ့် သူ့ ဆေးရုံက ၃ လ ဟန်ပြပိတ်တယ်။ အရမ်းလည်တဲ့ ဒလန် ခရိုနီ လက်သစ်” ဟု ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်တစ်ဦးမှ ပြောကြားသည်။

ငွေရည်ပုလဲ လုပ်ငန်းစုတွင် အဓိက ရှယ်ယာရှင်နှင့် Finance ဒါရိုက်တာအဖြစ် ဒေါက်တာကျော်ရှန်၏ မိန်းမဖြစ်သူ ဒေါက်တာ သက်သက်ခိုင်က တာဝန်ယူ ထားပြီး ဝင်ငွေ ထွက်ငွေများကို အခွန်ဆောင် စာရင်းလိမ်ခြင်းများကို လုပ်ဆောင်သူ ဖြစ်ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူဒေသတွင် ငွေရည်ပုလဲ ကုမ္မဏီ က အကြမ်းဖက်စစ် ကောင်စီနှင့်ပူးပေါင်းပြီး ကျောက်မီးသွေး တူးရန်ဟုဆိုကာ ဒေသနေပြည်သူ လယ်မြေ ဧက ၅၀၀ ခန့်ကို မတရားသိမ်းယူထားကြောင်း သီပေါဒေသနေ တက်ကြွလှုပ်ရှားသူ ဗင်ဒါက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် နမ္မတူဒေသ၌ ကျောက်မီးသွေးတွင်း တူးရန်ဟု ဆိုကာ ငွေရည်ပုလဲကုမ္မဏီ က အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး လုပ် ကွက် ဧက ၃၀၀၀ နီးပါးကို သိမ်းယူခဲ့ကြောင်းခဲ့ ကြောင်း၊ ထိုသို့ သိမ်းယူမှု အတွင်း ဒေသနေပြည်သူများ၏ လယ်ယာမြေ ဧက ၅၀၀ နီးပါးဝင်ခဲ့ပြီး ဒေသနေ ပြည်သူများက ကန့်ကွက်နေသော်လည်း လယ်ယာခင်းများအတွင်းသို့ စက်ကြီးများချကာ တူးဖော်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ လယ်မြေ ဧက ၅၀၀ ပါ၊ ရေဝေရေလဲ ဧရိယာက ၄၀၀ ကျော်၊ လောလော ဆယ် တော့ ဒေသခံ တွေက ကုမ္မဏီကို လာမတူးဖို့ ကန့်ကွက်နေတယ်၊ ဒါပေမ ယ့် ဒေသခံတွေရဲ့ လယ်တွေထဲကို သူတို့ စက်ကိရိယာ တွေ အတင်းလာချ ထားတော့ ဒီနှစ်ရိတ်သိမ်းရမယ့် သီးနှံတွေ ရိတ်သိမ်းလို့မရဘူး၊ အများကြီး ဆုံးရှုံးနေ တယ်” ဟု သီပေါဒေသနေ တက်ကြွလှုပ်ရှားသူ ဗင်ဒါက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆို သည်။

အဆိုပါ ငွေရည်ပုလဲကုမ္မဏီ၏ ကျောက်မီးသွေးတူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်း ကျင်များစွာထိခိုက်ပျက် စီးမှုရှိခဲ့ပြီး ပြည်သူများက အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီက ငွေရည်ပုလဲ ကုမ္မဏီထံမှ အခွန်များစွာယူဆောင်ကာ ထပ်မံချ ပေးခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် အောက်တို ဘာလ ၁ ရက် နေ့တွင် ရှမ်းမြောက်ဒေသနေ လူငယ်များမှ သီပေါမြို့ပေါ်တွင် “လူ သတ် လက်နက်ဝယ်ယူရန် စစ်ကောင်စီ ကို ထောက်ပံ့ နေ သည့် ငွေရည်ပုလဲကုမ္မဏီထုတ်ကုန်များကို သပိတ်မှောက်ကြရန်နှင့် နမ္မတူ ပြည်သူများနှင့်အတူ ရပ်တည်ပေးကြပါရန်တောင်းဆိုကြောင်း” ကမ်ပိန်း တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

ငွေရည်ပုလဲလုပ်ငန်းစု ဥက္ကဋ္ဌ ဒေါက်တာကျော်ရှိန်သည် မန္တလေးဆေး တက္ကသိုလ် ၁၉၈၈ ခုနှစ် အတန်းမှ ဖြစ်ပြီး တရုတ်စပ်တစ်ဦးလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဗိုလ်ချုပ်များနှင့် ပလူးပလဲ လုပ်ရာပြီး မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး (ယခု ကစထမှူး) ၊ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးတို့ အသိုင်းအဝိုင်းအတွင်း သို့ တိုးဝင်ခဲ့သည်။

ထိုသို့ တိုးဝင်ပြီးနောက် ရှိရင်းစွဲ စီးပွားရေးလုပ်ငန်းများအပြင် ဧက ၃၀၀၀ ခန့် ကျောက်မီးသွေးတူးဖော်ခွင့် အပါအဝင် စီးပွားရေးလုပ်ငန်းများစွာ စစ်ကောင်စီ ထံမှ ရရှိခဲ့သည်။

ထိုအတွက် သူက CDM များကို ဖမ်းဆီးခြင်း၊ စစ်တပ်ဆန့်ကျင်သူများ နှင့်ပတ် သက်သော အချက်အလက်များကို စရဖထံ ပေးပို့ခြင်းများဖြင့် စစ်တပ်အတွက် အလုပ်လုပ်ကိုင်ပေးခဲ့သည်။

လက်ရှိတွင် စီးပွားရေးလုပ်ငန်များအနေဖြင့်-

(၁) စီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်နေသော ငွေရည်ပုလဲ လုပ်ငန်းစု

(၂) ဆင်းရွှေလီ သကြားစက်နှင် ကြံစိုက်ပျိုးခြင်း

(၃) ကျောက်မီးသွေးသုံး Crown ဘိလပ်မြေစက်ရုံ (ကျောက်ဆည်)

(၄) မန္တလေးစက်မှုဇုန်၊ မြ၀တီမင်းကြီးလမ်းရှိ ဘိလပ်မြေ ဖြန့်ဖြူးရေး နှင့်စက်ရုံ

(၅) မန္တလေးမြို့ပေါ်ရှိ ငွေရည်ပုလဲ ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီ

(၆) မန္တလေးစက်မှုဇုန်၊ ယောမင်းကြီးလမ်းရှိ ဇာမဏီမြေဩဇာစက်ရုံ

(၇) မန္တလေး မင်္ဂလာဆေးရုံ လုပ်ငန်း

(၈)မန္တလေးမြို့ပေါ်၊ လမ်း ၈၀ ကျုံးဘေးရှိ အေးသုခဆေးရုံ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article