25 C
Yangon

ပဲခူးမြို့လယ်ခေါင်အထိ ရေကြီးရေလျှံနေပြီး လမ်းပန်းဆက်သွယ်ရေး ပြတ် တောက်၊ ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

Must read

ပဲခူးမြို့လယ်ခေါင်အထိ ရေကြီးရေလျှံနေပြီး လမ်းပန်းဆက်သွယ်ရေး ပြတ် တောက်၊ ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၉

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ် နေရာအများစုတွင် ရေကြီးရေလျှံနေပြီး လမ်းပန်း ဆက်သွယ် ရေး ပြတ်တောက်ကာ ပြည်သူများ အရေးပေါ် အကူအညီများ လိုအပ်နေ ကြောင်း ပဲခူးမြို့မှ ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့မနက်တော့ ပဲခူးမြို့လယ်ခေါင်ကိုပါ ရတက်လာပါတယ်။ လောလော ဆယ်တော့ ခြေကျင်းဝတ်အကျော်၊ ဒူးခေါင်းလောက်အထိ ရှိနေပြီ။ မြို့လယ် ခေါင် ဆိုတာ အမြင့်ဆုံးနေရာပါ။ လိပ်ပြာကန်ကိုပါ ရေကိုဖုံးလွှမ်းသွားပြီ။ မြို့လယ်ခေါင်အကုန်လုံးတော့ မြုပ်သွားပြီ။ လမ်းတွေလည်း သွားမရတော့ဘူး။ ပဲခူးမြို့ရှောင်လမ်းမှာလည်း မနေ့က လမ်းပျက်သွားတယ်။ လမ်းပန်း ဆက်သွယ်ရေးက ပဲခူးမြို့ထဲကိုလည်း ဖြတ်မရတော့သလို ပဲခူးမြို့ရှောင် လမ်းကလည်း သွားမရတော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးက ပြတ်တောက် သွားပါပြီ” ဟု ပဲခူးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ပဲခူးမြစ်တွင် တာကျိုးသည့်အပြင် ဇောင်းတူ ရေလှောင်တမံတွင်လည်း ရေများ မထိန်းနိုင်တော့သဖြင့် ရေများ လွှတ်ချသဖြင့် ရုတ်တရက် ရေကြီးမှု အခြေအနေဆိုးဝါးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုထက်ထိကို ရေက တရိပ်ရိပ် တက်နေတာ။ ရေလည်း စီးနေတယ်။ တော်တော်နဲ့ ရေက မကျဘူး။ အဓိက လိုတာက စားသောက်ရေးပဲ။ ထမင်းချက်လို့လည်းမရဘူး။ တစ်မြို့လုံးနီးပါး ရေမြုပ်နေတာဆိုတော့ ။ ပြည်သူတွေက ဒီလောက်အထိ ဆိုးမယ်မထင်လို့ မရွှေ့တဲ့လူတွေ ပိတ်မိနေ တာအများကြီးပဲ။ အထူးသဖြင့်တော့ မဂ္ဂတစ်ဘက်ဆိုရင် လှေနဲ့မဟုတ်ရင် သွားလို့မရဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article