25 C
Yangon

ကန့်ဘလူ၊ ငှက်ပျောတိုင်းရွာသစ် ဓာတ်အားခွဲရုံတွင် စစ်တပ်က တပ်စွဲပြီး နောက် ကန့်ဘလူ နှင့် တန့်ဆည်မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးများ ဖြတ် တောက်ထား ၊ ကန့်ဘလူမြို့တွင် စစ်တပ်နှင့်ပျူစောထီးများက ခံတပ်များ ဆောက်လုပ်

Must read

ကန့်ဘလူ၊ ငှက်ပျောတိုင်းရွာသစ် ဓာတ်အားခွဲရုံတွင် စစ်တပ်က တပ်စွဲပြီး နောက် ကန့်ဘလူ နှင့် တန့်ဆည်မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးများ ဖြတ် တောက်ထား ၊ ကန့်ဘလူမြို့တွင် စစ်တပ်နှင့်ပျူစောထီးများက ခံတပ်များ ဆောက်လုပ်

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်​တောင်ဘက်ခြမ်း ငှက်​ပျောတိုင်းရွာသစ် ဓာတ်အား ခွဲရုံ တွင် အကြမ်းဖက် စစ်​တပ်က အထိုင်ချတပ်စွဲပြီး​နောက် ကန့်ဘလူမြို့နယ်၊ ထန်းကုန်း တိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ ကာဘိုးတိုက်နယ် နှင့် တန့်ဆည်မြို့ နယ်တစ်ခုလုံးကို အောက်တိုဘာလ ၅ ရက်​နေ့မှစတင်ကာ လျှပ်စစ်မီးများဖြတ်​တောက်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ငှက်ပျောတိုင်းလျှပ်စစ်ဓာတ်အားခွဲရုံဆို စစ်ကိုင်းတိုင်းတစ်တိုင်းလုံးက သူတွေ သိတယ်ဗျ။ သူတို့အဲဒီလျှပ်စစ်ဓာတ်အားခွဲရုံအနီးတပ်စွဲပြီးမှ မီးဖြတ်လိုက် တာ ဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ် သတင်း ဌာန သို့ပြောကြားသည်။ �

�အကြမ်းဖက်စစ်တပ်က လျှပ်စစ်ဓာတ်အားခွဲရုံအနီး ခံတပ်တစ်ခုဆောက်လုပ်၍ အထိုင်ချတပ်စွဲနေခြင်းဖြစ်ပြီး လျှပ်စစ်မီးဖြတ်တောက်ထားခြင်းကြောင့် ဒေသ ပြည်သူ များ စားသောက်ချက်ပြုတ်ရေးနှင့် စားဝတ်နေရေးအတွက် အခက် အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။

စစ်တပ်က ကန့်ဘလူတောင်ဘက်ခြမ်းကို ပိတ်ဆို့ဖြတ်တောက်မည့် အနေ အထား ဖြစ်ပြီး လတ်တလောတွင် စစ်ကြောင်းထိုးခြင်းမျိုး မရှိဘဲ ခံစစ်အထိုင် ချနေကြောင်း၊ ကန့်ဘလူမြို့နယ်​တောင်ခြမ်း ကင်းတပ်–​ရွှေဘိုတူး​မြောင်းအနီးရှိ ဇီးကုန်းမြို့အဝင်လမ်း​ဘေးမှ ​နေအိမ်များနှင့်ဆိုင်ခန်းများကို စစ်​ကောင်စီနှင့်ပျူ​စောထီးများက ​အောက်တိုဘာလ ၆ ရက်​နေ့မှစ၍ ဖြိုဖျက်ဖယ်ရှားကာ မြို့အ​ဝင် တွင် ​ခံတပ်အချို့ ​ဆောက်လုပ်​နေ​ကြောင်း Infinity Group မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“ကန့်ဘလူ​တောင်ခြမ်းကို ပိတ်ဆို့ဖြတ်​တောက်မယ့်အ​နေအထားဗျ။ ဘာလို့ဆို အရင်က သူတို့မလုပ်ဖူးတဲ့အရာမျိုး ဇီးကုန်းမြို့အဝင်နားက အ​ဆောက်အအုံ ဆိုင်ခန်း​တွေဖျက်ပီး ခံစစ်ထိုင်တာမျိုး​တွေ ဒီရက်ပိုင်း လုပ်လာတယ်။နယ်နဲ့မြို့ အကူးအသန်းကို ဖြတ်​တောက်မယ့်အ​နေအထားဗျ”ဟု Infinity Group မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ကန့်ဘလူမြို့အဝင်တွင် စစ်တပ်က အထိုင်ချ၍ တပ်စွဲထားသည့်အတွက် ပြည်သူများမှာ မြို့ဘက်သို့ အရောင်းအဝယ်မသွားရဲကြတော့ကြောင်း၊ မီးဖြတ် ခံထားရသည့်အတွက် အခြေခံလိုအပ်ချက်မှ စ၍ စားဝတ်နေရေး ကျပ်တည်း နေကြောင်း၊ ရေရှည်တွင် ပိုမို၍ အဆင်မပြေဖြစ်နိုင်ကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။

ထို့ပြင် ကန့်ဘလူမြို့နယ်​တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်နှင့်ဇီးကုန်း တိုက်နယ် အတွင်း​ကျေးရွာများမှ ကုန်​ရောင်းကုန်ဝယ်ပြုလုပ်မည့် ​ဒေသ ပြည်သူများကိုလည်း ဇီးကုန်းမြို့တွင်းသို့ ဝင်​ရောက်မည်ဆိုပါက ​သေနတ် ဖြင့်ပစ်သတ်မည်ဖြစ်​ကြောင်း အကြမ်းဖက်စစ်တပ်ဘက်မှ ခြိမ်း​ခြောက်​ပြောဆို​မှုများလည်း ရှိနေကြောင်း ဒေသပြည်သူများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article