37 C
Yangon

ပေါက်မြို့နယ်တွင် စစ်ယာဥ်တန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံး

Must read

ပေါက်မြို့နယ်တွင် စစ်ယာဥ်တန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၉

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၁ နာရီခန့်က ပေါက်မြို့နယ်၊ အုန်းတောမြောက်စုသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ယာဉ်တန်း အစီး ၇၀ ခန့်ကို ရော့ကတ် ၁၀ လုံး ၊ Drop Bomb ၁ လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများဘက်မှ ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း၊ ထို့သို့ အပြန်အလှန် တိုက်ခိုက်မှုအတွင်း အနီးအနားရှိ စစ်ဘေးရှောင် ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်မှု ရပ်နားခဲ့ရကြောင်း သိရှိရသည်။

ထို့နောက် ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ ယာကြီး ပြင်ကျေးရွာသို့ ရောက်ရှိလာ သော ယင်း အကြမ်းဖက် စစ်ယာဉ်တန်းကို Drop Bomb ၂၄ လုံး၊ ရော့ကတ် ၆ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ရွာထဲ၌ မနေရဲတော့ဘဲ ရွာ၏ အရှေ့တောင်ဘက် ရှားပင်များ ရှိရာကို ထွက်ပြေး ပုန်းရှောင် သွားကြောင်း သိရသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် အုန်းတောတောင်စု တံတားထိပ်ရှိ သစ်ပင်များကို ချိန်းဆောများဖြင့် ဖြတ်နေသော အကြမ်းဖက်စစ်သား ၆၀ ခန့်ကို Drop Bomb ၂၄ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထွက်ပြေးသွားကြောင်း၊ ယာကြီးပြင်ကျေးရွာအနီး မော်တော်ယာဉ် အစီး ၇၀ ခန့်ကိုလည်း Drop Bomb ၂၈ လုံးဖြင့် ထပ်မံ ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်နေသဖြင့် ပြည်သူလူထု ထိခိုက် မည် စိုးရိမ်ပြီး ညနေ ၄ နာရီ ၁၀ မိနစ်တွင် တိုက်ခိုက်မှုရပ်နားခဲ့ကြောင်း မြိုင်ပကဖထံမှ သိရှိရသည်။

ထို့ပြင် ယင်းနေ့ ည ၈ နာရီခန့်တွင် ယာကြီးပြင်ရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံး ၊ Drop Bomb ၁၂ လုံး ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီးများမှ လက်နက်ကြီး ၄ ချက် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက် နံနက်ပိုင်း၌ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ပြည်သူများ၏ ထွန်စက်၊ Chain Saw များ ယူဆောင်၍ လမ်းရှင်းလင်းနေစဉ် Drop Bomb ဗုံး ၁၉ လုံးခန့်၊ ရော့ကဒ် ၁၅ လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ Drone အကြီး တစ်စီးနှင့် Air 2 ၂ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နံနက် ၉ နာရီခွဲ ခန့်တွင် တံတားအနီး အရောက်ရှိနေသော အကြမ်းဖက်စစ်သားများစကို ရိုင်ဖယ်သေနတ်ဖြင့်ချောင်း မြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးထိမှန်ခဲ့ပြီး အစုလိုက်အပြုံလိုက် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မြိုင်ပကဖ ၊ ပေါက်ဗိုလ်တစ္ဆေ၊ ပေါက် ပကဖအဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု စုစုပေါင်း ၁၀ ဦးထက် မ နည်းရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် မြိုင်မြို့အရှေ့ဘက် ပခုက္ကူလမ်းပေါ်ရှိ ဘန်ကာကို မြိုင် ပကဖ ၊ အညာမြေပျောက်ကျားတပ်ဖွဲ့၊ Scorpion တပ်ဖွဲ့နှင့် BBF အဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article