29 C
Yangon

ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး

Must read

ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း CDF – KKG တပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၇ ရက် နံနက် ၈ နာရီခန့်က ကလေးမြို့နယ်တောင်ပိုင်း မြို့လှဘက်မှ စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်တပ်ကို စက္ကန့်ကျေးရွာ၌ တော်လှန်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးကာ ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း ကလေးမြို့၊ တောင်ဖီလာ တပ်ကုန်းမှ လက်နက်ကြီးများ တရစပ် ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDF – KKG ၊ CNDF (TZ) ၊ CNDF ( NA) နှင့် Kalay PDF တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြန်လည် ဆုတ်ခွာချိန်တွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးထိမှန်မှုကြောင့် CDF – KKG မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရဒဏ်ရာ)နှင့် CNDF (TZ) မှ ရဲဘော်တစ်ဦး (ပြင်းထန်ဒဏ်ရာ) အသက် အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက်ညပိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် တစ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများမှာ စက္ကန့်ကျေးရွာအတွင်း တပ်စွဲထားပြီး လူနေအိမ် များကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကာ ပြည်သူများလည်း ထိခိုက်မှု ရှိကြောင်း၊ လတ်တလော တိုက်ပွဲအခြေအနေကြောင့် ကလေးမြို့သို့ ခရီးသွားလာခြင်းမပြုလုပ်ကြရန် CDF – KKG က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article