37 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ပဲခူးမြို့နယ်မှာ မကြုံစဖူး ရေကြီးမှု အခြေအနေ ဆိုးဝါးနေပြီး လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေသလို ၊ ပိတ်မိနေတဲ့ ပြည်သူတွေနဲ့ ထမင်းမစားရတဲ့ ပြည်သူတွေပါ ရှိနေတဲ့အတွက်၊ အရေးပေါ် အကူ အညီတွေ လိုအပ်နေတယ်လို့ ပဲခူးမြို့နေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– အကြမ်းဖက် စစ်ကောင်စီလက်ထက်မှာ ခရိုနီ လက်သစ် ဒေါက်တာ ကျော်ရှိန်ပိုင်ဆိုင်တဲ့ ငွေရည် ပုလဲ လုပ်ငန်းစုက စစ်ဗိုလ်ချုပ်တွေ နဲ့ ပေါင်းပြီး ကျောက်မီးသွေး တူးဖော်ရေး၊ ဘိလပ်မြေ စက်ရုံ ၊ ဓာတ်မြေဩဇာစက်ရုံ အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်စေတဲ့ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင် လာတဲ့အပြင် ၊ ပြည်သူတွေ ပိုင်ဆိုင်တဲ့ မြေယာတွေကိုလည်း ဧကရာနဲ့ချီ သိမ်းဆည်းတာတွေ လုပ်လာတယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

– အရှေ့အလယ်ပိုင်းဒေသ အစ္စရေး-ဂါဇာနယ်စပ်မှာ ဟားမတ်စ်တို့ရဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အစ္စရေး ဂီတပွဲတော် တက်ရောက်နေတဲ့ အပြစ်မဲ့ အရပ်သား ပရိသတ်တွေရဲ့ ရုပ်အလောင်း ၂၆၀ လောက်ကို တွေ့ရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article