26 C
Yangon

ဖားဆောင်းရှိ ခုံဟန့်ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

ဖားဆောင်းရှိ ခုံဟန့်ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၉

ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ခုံဟန့်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဖားဆောင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၄ ရက် နံနက် ၆ နာရီခန့်က ဖားဆောင်းမြို့နယ်၊ ခုံးဟန့်ကျေးရွာအနီးသို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် ၅ ဦး ထက်မနည်းသေဆုံးခဲ့ကာ MA1 သေနတ် တစ်လက်၊ MA2 သေနတ် တစ်လက်၊ MA4 သေနတ် တစ်လက် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူတို့က ဖားဆောင်းကျောက်ပန်းညိုတံတားထိပ်မှာပဲရှိတယ်၊ အဲဒီကနေမှ စစ်ကြောင်းထိုးလိုက် ပြန် ဆုတ် လိုက်နဲ့ဖြစ်နေတာ၊ အဲဒီမှာလည်း တိုက်ပွဲဖြစ်တယ်၊ လာလိုက်ပြန်လိုက်နဲ့ဖြစ်နေတာပေါ့” ဟု ဖားဆောင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်း ၊ ကယားစစ်ဒေသ(ကရင်နီ) ဘောလခဲခရိုင်ပြည်သူ့ကာကွယ် ရေးတပ်များဖြစ်သည့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၁၀၅ ၊ ဖားဆောင်းပြည်သူ့ကာ ကွယ်ရေးတပ် အမှတ်-၁၁၀၈ ၊ DMO Local PDF တပ်ရင်း ၂ ၊ KA ပြောက်ကျားတပ်ဖွဲ့၊ က လ လ တ တပ်ရင်း ၄၈၇၈ ၊ ကလလတ တပ်ရင်း ၇၈၉၄ ၊ ကလလတ တပ်ရင်း ၉၄၂၀ တို့ ပူးပေါင်း ကာတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလလတ တပ်ရင်းအမှတ် ၇၈၉၄ မှ ရဲဘော်တစ်ဦး တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမို ကရေစီအတွက် အသက်ပေးလှူခဲ့ရကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၁၀၈ တပ်ရင်းသည် သံလွင်အရှေ့ကမ်း စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်နေပြီး ဩဂုတ်လ ၂၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ခုခံတိုက် ခိုက်ရင်း ရဲဘော်နှစ်ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ Internet အခက်အခဲကြောင့် သတင်းထုတ်ပြန်မှုများ နှောင့် နှေးကြန့်ကြာနေရခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article