25 C
Yangon

ရွှေညဝါဆရာတော်၏ ဒကာအရင်း ဇဗ္မူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို လူတစ်စုက ဖမ်းဆီး သတ်ဖြတ်

Must read

ရွှေညဝါဆရာတော်၏ ဒကာအရင်း ဇဗ္မူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို လူတစ်စုက ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောမှုများကြောင့် အကြမ်းဖက် စစ် တပ်က ဖမ်းဆီးထောင်ချမှု ခံခဲ့ရသော ရွှေညဝါ ဆရာတော်၏ ဒကာအရင်း တစ်ဦးဖြစ်သူ ဇဗ္မူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို လူတစ်စုက ဖမ်းဆီး သတ်ဖြတ်သွားကြောင်း ဆရာတော်နှင့်နီးစပ်သော သံဃာတော်တစ်ပါးက မိန့်ကြားသည်။

အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီ ၃၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ညစျေး တွင် ဇဗ္မူရာဇ် ရွှေဆိုင်ဖွင့်လှစ်ထားသော ဦးမင်းဇော်ဦးသည် ဆိုင် သိမ်း၍ အပြန်တွင် လူတစ်စုက လာရောက် ဖမ်းဆီးပြီး ကားပေါ်သို့ ဆွဲတင် သွားကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ဇီးရိုးမိုင်တွင် လက်ထိပ်နောက်ပြန်ခတ်ကာ သေဆုံးလျက် ပြန်လည် တွေ့ရှိရကြောင်း သိရှိရသည်။

“ကြည့်မြင်တိုင်ညစျေးမှာ ဦးမင်းဇော်ဦးက ဇဗ္ဗူရာဇ် ရွှေဆိုင် ဖွင့်လှစ်တာပါ။ မနေ့ ညပိုင်းမှာ လူတစ်စုက ဖမ်းခေါ်သွားတယ်။ ကားပေါ်ကို ဆွဲတင် ထိုးကြိတ် သွားတယ်။ ဒီမနက်ကျတော့ အလောင်းကို လမ်းဘေးတနေရာမှာ စွန့်ပစ် ထားခဲ့တယ်။ သူဟာ ရွှေညဝါဆရာတော်ရဲ့ ဒကာရင်းဖြစ်တယ်” ဟု ရွှေညဝါ ဆရာတော်နှင့် ရင်းနှီးစပ်သူ သံဃာတော်တစ်ပါးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article