25 C
Yangon

စစ်ကောင်စီ၏ NCA ၈ နှစ်ပြည့် ပွဲသို့ KNU အပါအဝင် တော်လှန်ရေးအပေါ် ခိုင်ခိုင် မာမာ ရပ်တည်နေ သည့် တိုင်းရင်းသား ERO တပ်ဖွဲ့များ အနားပင် မကပ်ဟု KNU ဗဟို အလုပ် အမှုဆောင် ပဒိုစောတောနီး ပြောဆို

Must read

စစ်ကောင်စီ၏ NCA ၈ နှစ်ပြည့် ပွဲသို့ KNU အပါအဝင် တော်လှန်ရေးအပေါ် ခိုင်ခိုင် မာမာ ရပ်တည်နေ သည့် တိုင်းရင်းသား ERO တပ်ဖွဲ့များ အနားပင် မကပ်ဟု KNU ဗဟို အလုပ် အမှုဆောင် ပဒိုစောတောနီး ပြောဆို

■ စစ်တပ်က အသက်ငင်နေ၍ ရလိုရငြား ကောက်ရိုးတစ်မျှင် လုပ်ရပ် သာဖြစ် ပြီး လူထုက လက်မခံသည့်အတွက် NCAလမ်းကြောင်း မအောင်မြင်တော့

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် NCA ၈ နှစ်ပြည့် ပွဲသို့ KNU အပါအဝင် တော်လှန်ရေးအပေါ် ခိုင်ခိုင်မာမာ ရပ်တည်နေသည့် တိုင်းရင်းသား ERO လက်နက် ကိုင် အဖွဲ့အစည်းများက တက်ရောက်မည်မဟုတ်ဘဲ အနားပင် ကပ်မည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး ၈နှစ်ပြည့်အဖြစ် နေပြည်တော်တွင် ကြီးကြီး ကျယ် ကျယ် ခမ်းခမ်းနားနား ကျင်းပရန် ပြင်ဆင်နေပြီး တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားမှုများရှိနေကြောင်း၊ သို့ရာတွင် KNU အပါအဝင် တော်လှန်ရေးအပေါ် ခိုင်ခိုင်မာမာ ရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့ အစည်းများအနေဖြင့် NCA ၈ နှစ်ပြည့်ပွဲ တက်ရောက်မည်မဟုတ်ဘဲ အနားပင် ကပ်မည်မဟုတ်ကြောင်း၊ NCA သည် ပျက်ပြယ်ပြီး မအောင်မြင်တော့ကြောင်း၊ လူထုကလည်း လက်မခံတော့ကြောင်း ပဒိုစောတောနီးက ဆိုသည်။

“ကျနော်ကတော့ ရှင်းရှင်းလင်းလင်းမြင်တာက အသက်ထွက်ခါနီး အနေ အထား မှာ အသက်ငင်တာလို့ မြင်တယ်။ ဘယ်လိုမှ အောင်မြင်နိုင်စရာ အကြောင်း မရှိတော့ဘူး။ လူထုကလည်း ခါးသီးနေပြီ။ NCA ဆိုတာ ကြားကို မကြားချင် တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့အချိန် အချိန်တွေကုန် တယ်။ အရင်းအမြစ်တွေ ကုန်ပြီးတော့ လုပ်သလောက်ကို လုံး၀ အသိအမှတ် မပြုဘဲ အာဏာသိမ်းတယ် ဖျက်ဆီးပစ်လိုက်တယ်ဆိုတာ သာမန် လူထုတွေ နားလည်နေတဲ့ အနေအထားမှာ သူကတော့ ရလိုရငြား ကောက်ရိုးတစ်မျှင်စာ အသက် ကို ကယ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်နေတဲ့အတိုင်း ပဲရှိပါ တယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန် ဘာမှ အကောင်အထည်ဖော်လို့မရဘူး။ ဒီ NCA လည်း ဘာမှ လုပ်နိုင်စရာ အကြောင်းလည်း မရှိဘူး” ဟု KNU ဗဟို အလုပ် အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က မတရားအာဏာသိမ်ထားသည့်အတွက် အစိုးရလည်း မရှိသည့်အပြင် လွှတ်တော်လည်းမရှိကြောင်း၊ စစ်တပ်က NCA နှစ်ပတ် လည်နေ့ အဖြစ် တော်လှန်ရေးအဖွဲ့များနှင့် နိုင်ငံတကာကို ဖိတ်ကြားနေမှု များသည် အရည်မရ အဖတ်မရ ဖြစ်၍ လူထုကလည်း လက်ခံမည် မဟုတ် ကြောင်း ၎င်းက ဆက်ပြောသည်။

” အာဏာသိမ်းလိုက်တဲ့အတွက် အစိုးရလည်းမရှိတော့ဘူး။ လွှတ်တော် လည်း မရှိတော့ဘူး။ နိုင်ငံရေးပါတီလည်း သူရဲ့ မူဝါဒအောက်မှာ အသက်ရှင် ရပ်တည်နေတဲ့ ဘာမူဝါဒမှ မရှိတဲ့ ဒီနိုင်ငံရေးပါတီ အဖွဲ့အစည်း တွေပဲရှိ တော့မှာ ပါ။ တကယ်တမ်း နိုင်ငံရေးပါတီ မူဝါဒ ခိုင်ခိုင်မာမာ ရပ်တည်တဲ့ နိုင်ငံရေးပါတီက သူတို့အောက်မှာ ဘယ်သူကမှ လက်ရှိကာလမှ မရှင်သန် နိုင်ဘူး။ ဘာရှိလဲ ဘာမှ မရှိတော့ဘူး။ ရလိုရငြားနဲ့ လျှောက်လုပ်တဲ့ အနေ အထားမှာ ဘာမှလည်းရမှာမဟုတ်ဘူး ။ လူထုကလည်း ရှင်းတယ်။ လျှောက်ပြီး တော့ ဖိတ်တာကတော့ နိုင်ငံတကာလည်းဖိတ်နေတာပဲ။ တော်လှန်ရေး အဖွဲ့ အစည်းတွေ လျှောက်ဖိတ်နေတာပဲ။ ဖိတ်တယ်ဆိုပေမယ့် ခိုင်ခိုင်မာမာ ရပ် တည်တဲ့ အဖွဲ့အစည်းက အနားကပ်မှာမဟုတ်ဘူး” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

လက်ရှိတွင် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် အာဏာသိမ်း စစ်တပ် သည် တရားဝင် စစ်တပ်မဟုတ်၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လုံး၀ မရှိကြောင်း အောက်တိုဘာလ ၂ ရက်နေ့ တရားဝင် ထုတ်ပြန် ထပ်မံ အသိပေး ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article