24.9 C
Yangon

မိုးဗြဲမြို့ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်းသေဆုံး

Must read

မိုးဗြဲမြို့ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ် မိုးဗြဲမြို့အနီးရှိ စစ် ကောင်စီတပ် စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆို မြို့နယ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာ၊ ရထားသံလမ်းအနီးရှိ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် KNG ကယန်း အမျိုးသားကာကွယ်ရေးတပ်တို့ ပူးပေါင်း အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့် အထိ အပြန်အလှန် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ကူ အမြောက်အများ အသုံးပြုခြင်း၊ စစ်ကူအများအပြား ရောက်ရှိလာခြင်း ကြောင့် စခန်းသိမ်းပိုက်နိုင် ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စစ်ခွေးသေတာ မျက်မြင်ကတော့ ၅ လောင်း၊ ၆ လောင်းလောက်ပဲ မျက်မြင် ရတာပေါ့၊ ဒါပေမယ့် ဒီ ထက်မက သေနိုင်တယ်လို့ ခန့်မှန်းရတာပေါ့၊ မမြင်ရတဲ့ အလောင်းတွေလည်းရှိသေးတာဆိုတော့၊ ဒါ့ပေမယ့် ကပ်လို့မရဘူး၊ လက်နက် တွေရော၊ အလောင်းတွေရော ဆွဲယူသွားတာဆိုတော့၊ ကပ်လို့ မရဘူး၊ စစ်ကူက လည်း အနီးမှာပဲရှိတော့ ဆုတ်ခွာလိုက်ရတာ၊ ရထားသံလမ်းဘေး တလျှောက် ဆိုရင် သူတို့က ရှေ့ကင်းစခန်းရှိသလို နောက်မှာဆိုရင်လည်း သူတို့လူ အရန်တွေ ထားတာရှိတယ်၊ ပြီးတော့ လက်နက်ခဲယမ်း အခက်အခဲ ကြောင့် လည်းပါတယ်၊ အဲဒါကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်လိုက်ရ တာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ကလလတ နှင့် ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDF တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး မိုးဗြဲ PDF တပ်ဖွဲ့မှ ရဲဘော် မောင်ယောဟန် ကျဆုံးကာ ၃ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

စစ်တပ်နှင့်ပူးပေါင်းနေသော ကယန်းအမျိုးသားကာကွယ်ရေးတပ် ခေါ် KNG တပ်ဖွဲ့သည် ပြည်သူနှင့်အတူ ပူးပေါင်းခြင်းမရှိပဲ ကိုယ်ကျိုးနှင့် လုပ်ပိုင်ခွင့် အာဏာ ရရှိရန် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့နှင့်ပူးပေါင်းကာ အဆိုပါ စခန်းတွင် အထိုင်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article