25 C
Yangon

ကန့်ဘလူ ငှက်ပျောတိုင်းကျေးရွာ တိုက်ပွဲတွင် စစ်ကူလာသော Mi35 စစ်ရဟတ် ယာဉ် အနိမ့်ပိုင်း ပျံ သန်းစဉ် အမြီးပိုင်းထိမှန်သည်အထိ ပစ်ခတ် နိုင်ခဲ့ပြီး အမြောက်တပ် ၆၀၀၆ ထဲသို့ အရေးပေါ် ဆင်းသက်သွားခဲ့

Must read

ကန့်ဘလူ ငှက်ပျောတိုင်းကျေးရွာ တိုက်ပွဲတွင် စစ်ကူလာသော Mi35 စစ်ရဟတ် ယာဉ် အနိမ့်ပိုင်း ပျံ သန်းစဉ် အမြီးပိုင်းထိမှန်သည်အထိ ပစ်ခတ် နိုင်ခဲ့ပြီး အမြောက်တပ် ၆၀၀၆ ထဲသို့ အရေးပေါ် ဆင်းသက်သွားခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျော်တိုင်း ကျေးရွာတိုက်ပွဲတွင် စစ်တပ် အထိနာ၍ စစ်ကူလာသော Mi35 စစ်ရဟတ်ယာဉ် အနိမ့်ပိုင်း ပျံသန်းစဉ် အမြီး ပိုင်း ထိမှန်သည်အထိ ပစ်ခတ်နိုင်ခဲ့ပြီး အဆိုပါ စစ်ရဟတ်ယာဉ်သည် ကန့်ဘ လူ အမှတ် ၆၀၀၆ အမြောက်တပ်ထဲသို့ အရေးပေါ် ဆင်းသက်သွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။

အောက်တိုဘာလ ၉ ရက် နံနက် ၄ နာရီခွဲခန့်အချိန် ကန့်ဘလူမြို့နယ် တောင် ခြမ်း ၊ ငှက်ပျောတိုင်း ရွာသစ် အရှေ့ဘက်ရှိ လျှပ်စစ်ရုံးတွင် အင်အား ၇၀ ခန့် ဖြင့် ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်သား ၊ ပျူစောထီးများကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်း တစ်ခု လုံးသိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးသူများမှ အပ ကျန် စစ်သား၊ ပျူစောထီးအားလုံးနီးပါး သေဆုံးကြောင်း၊ ယင်းနောက် နံနက် ၈ နာရီခွဲခန့်တွင် နှစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်တွင် တစ်ကြိမ် အနောက်မြောက်တိုင်းစစ် ဌာန ချုပ်မှ တက်လာသော Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း၊ အဆိုပါ စစ်ရဟတ်ယာဉ်များအနက်မှ နံနက်ပိုင်း စစ်ကူလာသော စစ်ရဟတ် ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ရဟတ်ယာဉ်၏ အမြီးပိုင်း ထိမှန်ခဲ့ပြီး ကန့်ဘလူ အမှတ် ၆၀၀၆ အမြောက်တပ်ထဲသို့ အရေးပေါ် ဆင်းသက်ခဲ့ကြောင်း သိရှိရသည်။

” အောက်တိုဘာလ ၉ ရက်နေ့ မနက် ၈ နာရီ လောက်မှာ နမခကနေ လာတဲ့ Mi35 စစ်ရဟတ်ယာဉ်ကို ပစ်ခတ်တာမှာ အမြီးပိုင်းထိမှန်တယ်။ အဲဒါ နမခကို မပြန်နိုင်ဘဲ ကန့်ဘလူ ၆၀၀၆သို့ အရေးပေါ်ဆင်း သက်ခဲ့ရတယ်။ အဲဒီပွဲမှာ စစ်တပ်ဘက်က ၅၀ လောက် ထိခိုက်သေဆုံးမှုရှိတယ်။ RPG ၃ လက် နဲ့လက်နက်ငယ် ၅၀ ခန့်သိမ်းဆည်းရမိတယ်” ဟု မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ စစ်ရဟတ်ယာဉ်ကို မည်သည့်လက်နက်ဖြင့် ပစ်ခတ်ခဲ့သည်ကိုမူ မြေပြင် သတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ စစ်ရဟတ်ယာဉ်ကို ဦးတည် ပစ်ခတ်ခဲ့မှုနှင့် အမြီးပိုင်း ထိမှန်ခဲ့သည်ကိုသာ ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်ရဟတ်ယာဉ် အမြီးပိုင်းကို ထိမှန်အောင် PDF တပ်များက ပစ်ခတ်နိုင်ခဲ့သည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး မြေပြင် အခြေအနေကို အသေးစိတ် အတည်ပြုနိုင်ခြင်းမရှိပေ။

ဓာတ်ပုံ- မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်းရှိ လေယာဉ်ကွင်းမှ Mi35 စစ်ရဟတ်ယာဉ် တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article